9: အသစ်

1.4K 159 0
                                    

(Unicode)

"သား အံ့က..ပြင်ဆင်လို့တောင်ပြီးပြီလား...ဘွားက..သားမနိုးသေးဘူး..ထင်လို့....."

အထုပ်အပိုးများအားလုံး အဆင်သင့်လုပ်ကာ ဘွားဘွား  လာခေါ်မည်ကို စောင့်နေမိသည်မှာ ကြာလေပြီ။ ယခင်နေ့များတွင်တော့ ဒီအချိန် အိပ်မောကျကောင်းတုန်းရှိသေး။ အခုတော့ ပြန်ရမည်ဆိုသော အသိကနှိုးဆော်၍ စောစောစီးစီး ပင် ပြင်ဆင်ထားမိသည်။ သွေးသစ်မျက်နှာလေးကို သိပ်မကြာမီ မြင်တွေ့ခွင်ရတော့မည် လေ။

"လေယာဥ်ချိန်..ကလိုပါသေးတယ်..သား အံ့ ရဲ့..ဘာတွေလောနေတာလဲ....."
ဘွားဘွား ကကျွန်တော့် ကုတင်အနီးရှိ ကုလားထိုင်ပေါ်တွင် ထိုင်ပြီး အခန်းကို မျက်လုံးဖြင့် ဝေ့ဝဲကြည့်ကာ
"လုံးဝကို...အဆင်သင့် ဖြစ်နေတာပဲ...အေး..ဘွားကဝီရိယကောင်းရင်...သိပ်ချစ်တာကွယ်... ဘွားမြေးသား အံ့...အမှန်ပါနော်....."
"ဘွားကလည်း.....လင်းအံ့ မှလင်းအံ့...ဘွားမြေးစစ်စစ်....."

ကျွန်တော်လိုလူကြမ်းက ဘွားဘွားရှေ့ရောက်လျှင်တော့ တကယ့်ကလေးတစ်ဦးပါ။အချွဲသန်တဲ့ ကလေးအဖြစ်ပြောင်းလဲနိုင်သူ လည်းဖြစ်သည်။

"အေးပါကွယ်... မနက်စာစားပြီးရင်...သွားကြတာပေါ့....."

မနက်စာစားရမယ်။ ဟင်း...ဖြစ်နိုင်လျှင် ချက်ချင်းပင်ပြန်ချင်မိသည်။ သူလေးနှင့်မတွေ့ရသည်မှာ တစ်ရက်နှစ်ရက်မှ မဟုတ်ပဲ ကျွန်တော်အတော်လေး လွမ်းနေမိပြီ။ ဖေဖေ့ကြောင့်သာ မဟုတ်လျှင် တစ်ရက်ကလေးပင် သူနှင့်မဝေးချင်။

"လာလေသား အံ့....အောက်မှာ..မင်းဒေါ်လေး...တို့ဟူးနွေးလုပ်ထားတယ်...သားအံ့ အထုပ်တွေကိုခဏနေ...ကိုသိန်း..လာသယ်ပြီး..ကားပေါ်တင်လိမ့်မယ်...ဟုတ်ပြီလား...... "
"ဟုတ်ကဲ့.... " ဟုသာပြောပြီး မလွှဲသာ၍  စားရတော့မည့် မနက်စာအတွက် အတော်လေးပင် အနှောင့်အယှက် ဖြစ်ရသည်။

ထမင်းစားခန်းရောက်တော့ ဒေါ်လေးစန္ဒာက မနက်စာပြင်ပြီးစောင့်နေ၍ မြေးအဘွားနှစ်ဦး ဝင်ထိုင်ကာ စားလိုက်သည်။
"ဘယ်လိုနေလဲ... လင်းအံ့.. ဒေါ်လေး..လက်ရာ..
ကြိုက်ရဲ့လား...ကောင်းရောကောင်းလား.."

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now