(Unicode)
ရွာသွန်းနေသော မိုးရေစက်များနှင့်အပြိုင် မျက်ဝန်းအိမ်အတွင်းမှ မျက်ရည်တို့တွင်တွင်စီးဆင်းလာကာ တစ်ချက်တစ်ချက် သဲ့သဲ့ကလေးရှိုက်နေမိသော ငိုသံလေးရှိရာဆီသို့ တစ်လှိမ့်ချင်းစီ ကားလေးတစ်စီးမောင်းဝင်လာလေသည်။
"ကို..ကိုကိုကြီး.... "
ကားထဲမှ ထွက်လာသော ကိုကိုကြီးကိုတွေ့တော့ ဝမ်းသာမိသလို၊အားကိုးရာတစ်ခုရသလိုလည်း ခံစားလိုက်ရ၍ ပြေးဖက်မိသည်အထိပင်။
"ညီသွေးရယ်.....ညီလေး....."
ကရုဏာသက်သော မျက်လုံးများဖြင့်ကြည့်ကာ ကိုကိုကြီးမျက်ဝန်းအတွင်းမှလည်း မျက်ရည်စတစ်ချို့။"ညီသွေးကို..ခွင့်လွှတ်ပါ..ကိုကိုကြီးရယ်....."
"ခွင့်လွှတ်ပါတယ်...ညီသွေးရယ်...ကိုကိုကြီးညီလေးဘာလုပ်လုပ်...ခွင့်လွှတ်နားလည်ပေးပြီးသားပါကွာ.."ကိုကိုကြီးရင်ခွင်ထဲသို့ခေါင်းလေးတိုးကာ ကလေးလေးတစ်ယောက်နှယ် သူအားရပါးရငိုချပစ်လိုက်မိတော့သည်။ခေါင်းလေးပွတ်ပေးကာ နှစ်သိမ့်ပေးနေသော ကိုကိုကြီးကြောင့် သူပို၍ပင်အပြစ်သားတစ်ယောက်လိုခံစားရသည်။
"ကိုကိုကြီး...သူ..သူလေ...ညီသွေးကို....."
"ကိုကိုကြီး..အားလုံးသိပြီးပါပြီ....."သူအံ့အားသင့်သွားမိသည်။ ကိုကိုကြီးက သိပြီးပြီတဲ့..ဘာကိုသိတာလဲ...ဘယ်အကြောင်းအရာတွေကို..ကိုကိုကြီးသိတာလဲ....
"ဘာကို..ဘယ်လို..သိပြီးတာလဲ..ကိုကိုကြီး?.."
"ဒီနေရာမှာ..ညီသွေးကို..လာခေါ်ဖို့အတွက်..ဖုန်းဆက်ပြောတာ..လင်းအံ့လေ...ညီသွေးတစ်ယောက်တည်းရှိလို့..မြန်မြန်သွားခေါ်ဖို့ပါ..မှာလိုက်သေးတာ..."ဟင်..သူ့ဘက်ကခါးခါးသီးသီး..ငြင်းထုတ်ခြင်းခံလိုက်ရတဲ့...ကိုက.. အခုချိန်ထိသူ့အပေါ်..စိတ်ပူစိုးရိမ်နေသေးတာပဲ...ကို့ကို..ရိုင်းရိုင်းစိုင်းစိုင်း..ရက်ရက်စက်စက်ပြောခဲ့မိတဲ့...ကျွန်တော့်လိုလူကို...ကိုမုန်းလို့မရမှန်း..ကျွန်တော်သိနေသလို...ကိုလည်း..ကျွန်တော်စိတ်ဆိုးလို့သာ..ပြောလိုက်မှန်း..သိရင်အရမ်းကောင်းမှာပဲ.....
"သူပြန်မလာတာ..သုံးရက်ရှိပြီ..ကိုကိုကြီး..သူကျွန်တော့်ကို..တကယ်မုန်းသွားပြီလား..မသိဘူး...သူကျွန်တော့်ကိုနားလည်မပေးဘူးဗျာ...တကယ်ဆို..ကျွန်တော်စိတ်ဆိုးနေတုန်း...ခဏလက်လွတ်စပယ်..ပြောလိုက်တာကို..သူအတည်မယူသင့်ဘူးလေ...သူ...သူ..ကျွန်တော့်ကိုတစ်ယောက်တည်းထားခဲ့ရက်တယ်ဗျာ..."
ကလေးငယ်တစ်ယောက်က ရင်ထဲရှိဝေဒနာများကို အကုန်ဖွင့်ဟနေသလို ညီသွေးပြောသမျှကို သူနားထောင်ပေးနေမိသည်။ အမှန်ဆို သူတွေးထားတာက လင်းအံ့နဲ့ညီသွေးကို အတူတကွ ပျော်ပျော်ရွင်ရွင် မြင်ရလိမ့်မည် ဟုထင်သော်လည်း လက်တွေ့နှင့်တခြားစီဖြစ်နေ၍ သူကိုယ်တိုင်လည်း အံ့သြစိတ်မကောင်းဖြစ်ရသည်။

ŞİMDİ OKUDUĞUN
ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}
Genç Kurgu* အနီးဆုံးမှာရှိနေလျက်နဲ့ ငါတို့ဝေးနေတာ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေဖြစ်နေလို့... * တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက်က သိနေပေမယ့် ဖွင့်တော့မပြောဖြစ်ကြဘူး ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေဖြစ်နေလို့... * ကိုယ်နာကျင်ရလည်း သူ့ကိုတော့ပျော်ရွှင်နေစေခ...