(Unicode)
"ကျွန်မနာမည်...ချစ်ရိပ်ချို ပါ...ကိုလင်းအံမင်း.... သွေးသစ်ကို..ခင်သလိုပဲ...ခင်လို့ရပါတယ်နော်...."
သူမကမ်းပေးသော လက်ကို ကျွန်တော်ဆွဲယူလိုက်သည်။ ကျွန်တော့်နာမည်ကို တော့ မိတ်ဆက်စရာမလိုတော့ပြီမို့ မပြောဖြစ်။
"ကိုလင်းအံမင်း... ကို...သွေးသစ်ခေါ်သလို..ကိုလင်း လို့ပဲခေါ်လို့ရမလားဟင်...."
ဖြစ်နိုင်လျှင် တော့ မခေါ်စေ့ချင်။ သွေးသစ် တစ်ဦးတည်းကိုသာ ခွင့်ပြုထားသောနာမည် မဟုတ်လား။သို့သော်လည်း မခေါ်နဲ့ ဟု အပြတ်ပြော၍လည်းမဖြစ်ပေ။ သူမဘေးမှာ သူကလေးလည်းပါလာသည်။
"ခေါ်ပါ..ကြိုက်သလိုခေါ်လို့ရပါတယ်........"
ညီမလေး ကြယ်စင်က ကော်ဖီ ခွက်များလာချကာ ဧည့်ခံလေတော့မှ အတော်ပဲ ဟုတွေးကာ ဧည့်ခန်းမှထ ထွက်လာခဲ့လိုက်သည်။ သူကလေးနှင့် သူမဘေးချင်းယှဥ် ထိုင်နေသည်ကိုပင် မနှစ်မြို့၍ မမြင်ရလျှင် ဒေါသထွက် သက်သာသည်မဟုတ်လား။
"မမနဲ့...ကိုသွေးက..ခင်တာကြာပြီလားဟင်....ဘယ်တုန်းက ဘယ်လိုခင်သွားရတာလဲ....."
"ဒီလို...ကြယ်စင်ရဲ့.................."ဖြစ်ကြောင်းကုန်စင်ကို ခရေစေ့တွင်းကျ ပြောပြနေသော ချစ်ရိပ်နှင့် ကြယ်စင်တို့ စကားလက်ဆုံကျနေစဥ် ကျွန်တော်လည်း ကိုလင်းဆီသို့ ထထွက်လာခဲ့လိုက်သည်။ ကိုလင်း စိတ်ဆိုးနေသေးမှန်း ကျွန်တော်သိသည်။ စောစောက တစ်ချိန်လုံး ကိုလင်း ကျွန်တော့်မျက်နှာကို မကြည့် သူငယ်ချင်းဟုပြောလိုက်သော်လည်း ယုံသွားပုံမပေါ်တာကြောင့် ထပ်မံရှင်းပြရန် လိုက်လာခဲ့မိတော့သည်။
ကိုလင်းအခုလို သူ့အပေါ်စိမ်းကားနေတာကို သူ မလိုချင်။ ဘာကြောင့်မှန်းမသိ ပေမယ့် ကိုလင်းအထင်လွဲနေခြင်းကိုတော့ ရှင်းပြချင်သေးသည်။
"ဒေါက်..ဒေါက်....."
"တံခါးမပိတ်ထားဘူး...ဝင်ခဲ့....."ပြောလိုက်သည့် အသံသည်ပင် ဒေါသရိပ်သမ်းနေသည်။ ကျွန်တော်လည်း ဝင်ခဲ့လိုက်တော့
"မင်းဘာလာလုပ်တာလဲ...သွေးသစ်.... အောက်မှာ..ချစ်ရိပ်ချို...တစ်ယောက်တည်းလေ...."
"အိမ်ရှင်ဖြစ်တဲ့...ကိုလင်း..တောင်..မရှိနေပဲ....ကျွန်တော်တက်လာတာ..ထူးဆန်းလို့လား....."
BẠN ĐANG ĐỌC
ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}
Teen Fiction* အနီးဆုံးမှာရှိနေလျက်နဲ့ ငါတို့ဝေးနေတာ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေဖြစ်နေလို့... * တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက်က သိနေပေမယ့် ဖွင့်တော့မပြောဖြစ်ကြဘူး ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေဖြစ်နေလို့... * ကိုယ်နာကျင်ရလည်း သူ့ကိုတော့ပျော်ရွှင်နေစေခ...