(Unicode)
"ကိုလင်း...နော်...လိုက်ခဲ့ပါနော်...."
"ဟုတ်ပါတယ်..ကိုလင်းရယ်...ချစ်ရိပ်ရော...သွေးသစ်ရော...လိုက်မယ့်ဟာ..ကိုလင်း..ကျန်နေခဲ့လို့..ဘယ်ဖြစ်မလဲ...."
စာမေးပွဲကဖြင့် မဖြေရသေး။ ခရီးထွက်ဖို့ကိစ္စ လာတိုင်ပင်နေသော မနိုင်စိန် နှစ်ယောက်ပင်။
Second semester ဖြေရန် နှစ်ပတ်မျှပင် လိုတော့သည့်အချိန်တွင် သွေးသစ်ရောချစ်ရိပ်ပါ စာမေးပွဲ ပြီးပါက ကျောင်းသားများအားလုံး မေဂျာပေါင်းစုံသွားမည့် ခရီးအတွက် လာကာ အဖော်ခေါ်နေကြသည် မဟုတ်လား။ သူတို့စာမကျက်ကြတော့ဘူးလား ။
"နောက်မှပြောကြတာပေါ့...လောလောဆယ်... စာမေးပွဲဖြေရမှာကိုပဲ...အာရုံစိုက် ရအောင်...."
ဟူ၍ ပ ထုတ်သော်လည်း သွေးသစ်က"ကိုလင်းကလည်း...သွားမယ်..မသွားဘူး..သေချာသိထားမှ..အာရုံစိုက်လို့ရမှာပေါ့....စာရင်းလည်းပေးရဦးမယ့်ဟာ....."
ချစ်ရိပ်က ဆက်လက်၍
"ဟုတ်တယ်..ကိုလင်း..ချစ်ရိပ်သူငယ်ချင်းတွေလည်း..လိုက်ကြမှာ....အခုတည်းက..ကြိုသိထားတော့..ပြင်ဆင်စရာရှိတာ..ပြင်ဆင်လို့ရတာပေါ့....နော်... "ဘယ်လိုမျှ မလွယ်တဲ့ နှစ်ယောက်ပါ။ ဘယ်လိုအကြောင်းကြောင့်မှလည်း ငြင်းမရ။ မလိုက်ဘူးဟုပြောလျှင်လည်း ဒီနေ့ Tuto ဖြေရမည် မဟုတ်။ မည်သို့မျှ ငြင်းမရမှန်း ကျွန်တော်သိနေပြီလေ။
ထိုအချိန် ချစ်ရိပ် ဖုန်းရုတ်တရက် ထမြည်လာလေသည်။ အကြောင်းကတော့ ဆရာမက roll call ပေးနေသည် ဖြစ်ကြောင်းကို အတန်းထဲရှိ တစ်ချို့ကဖုန်းဆက်အကြောင်းကြားကြခြင်းဖြစ်သည်။ ဒါမျိုးဆို ဘယ်အလွတ်ခံလိမ့်မလဲ ချစ်ရိပ်ချိုပဲလေ။ အိတ်ရော၊ ချိုင့်ရော ကမြန်းကတမ်း ယူကာ ပြေးလေပြီ။ မသွားခင် သွေးသစ်ကို
"သွေးသစ်...ငါတို့သဘောတူထားတဲ့..အတိုင်းနော်..မလိုက်ဘူးဆိုရင်..နင်လုံးဝ..မပြန်နဲ့သိလား...ငါလည်း မြန်မြန်ပြန်လာခဲ့မယ်....နော်..."
အရေးကြီးနေသည်ကိုတောင် မှာဖြစ်အောင်မှာသွားသေးသည်။ချစ်ရိပ်ထွက်သွားပြီးတော့လည်း သွေးသစ်က
"ကို...လိုက်ခဲ့ပါနော်....ကျွန်တော်လည်း..လိုက်မှာပဲဟာ...လိုက်ခဲ့ပါနော်.."
"..........."
![](https://img.wattpad.com/cover/228025636-288-k96831.jpg)
YOU ARE READING
ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}
Teen Fiction* အနီးဆုံးမှာရှိနေလျက်နဲ့ ငါတို့ဝေးနေတာ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေဖြစ်နေလို့... * တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက်က သိနေပေမယ့် ဖွင့်တော့မပြောဖြစ်ကြဘူး ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေဖြစ်နေလို့... * ကိုယ်နာကျင်ရလည်း သူ့ကိုတော့ပျော်ရွှင်နေစေခ...