#Unicode
စာအုပ်ဆိုင်လေးရဲ့ မှန်တံခါးတွေကို သုတ်နေရင်း ထယ်ယောင်း မြေရနံ့
လေးကို ခံစားမိသည်။
ညကမိုးရွာထားတာကြောင့် ထင်ပါရဲ့။ခပ်သင်းသင်း မြေရနံ့လေးက နှာခေါင်းကို ကလူကျီစယ် နှုတ်ဆက်သည်။
ခါတိုင်းနေ့တွေလိုပဲ တိတ်ဆိတ်စွာစာအုပ်ဆိုင်လေးကို ကျွန်တော်ဖွင့်ခဲ့တော့ တိမ်ဖြူတွေ လွင့်မျော ခြံရံရာ ကောင်းကင်ကြီးက လှပမြဲလှပလျက်။မှန်လုံခန်းလေးမို့ လမ်းမထက် ပြေးလွှားနေသော ကားတွေကို နေ့တိုင်းမြင်နေရသည်မှာ ရိုးအီမသွားသော အလွမ်းသီချင်း တစ်ပုဒ်လို။
စာအုပ်ဆိုင်နဲ့ Cafe လေးကို တွဲဖွင့်ထားသော ကျွန်တော့်ရဲ့ purple book cafe ဆိုင်လေးက စာအုပ်ချစ်တက်သူတွေအဖို့ အကောင်းဆုံး အနားယူစရာ ကမ္ဘာငယ်လေး....။အခါးမကြိုက်သော ကျွန်တော့်ရဲ့အကျင့်ကြောင့် ခပ်ခါးခါးကော်ဖီ အစား နွားနို့လေးကိုသာ ခွက်ထဲသို့လောင်းထည့်၍ တစ်ငုံမျှ သောက်လိုက်ရင်း ဆိုင်တွင်းက ကောင်တာမှာ ထိုင်ကာ အပြင်လမ်းမကြီးကို ငေးကြည့်မိသည်။
မနက်ခင်းစောစောမို့ ကားတွေ သိပ်မရှုပ်သေးသလို ကြည့်စရာ အထွေထူးမရှိသည့်တိုင် ကျွန်တော်ငေးကြည့်နေမိ၏။ဒီနေ့ရုံးပိတ်ရက်မို့ ခနနေရင် ကျွန်တော့်အချစ်ဆုံးကြီး နိုးလာတော့မည်။
ဟုတ်ပါတယ်...ကျွန်တော်က လက်ထပ်ပြီးသားပါ။ကျွန်တော်အချစ်ဆုံးချစ်သူ ဂျွန်ဂျောင်ဂု ဆိုတဲ့ လူသားနဲ့ လက်ထပ်ခဲ့ပြီးပြီ။ကျွန်တော်တို့ လက်ထပ်ပွဲလေးက နှစ်ဦးသဘောတူ လက်မှတ်ထိုးရုံလေးပါပဲ။ကောင်းချီးပေးမယ့်သူ လက်ခုပ်သြဘာတီးပေးမယ့်ပရိတ်သတ်တွေ မရှိခဲ့သော်လည်း ကျွန်တော်တို့နှစ်ယောက်အတွက် ပျော်စရာအကောင်းဆုံး မင်္ဂလာပွဲလေးဖြစ်ခဲ့ပါသည်။
ကျွန်တော်က မိဘတွေမရှိသည့် တစ်ကောင်ကြွက်မို့ လက်ထပ်တာကို ဆန့်ကျင်မယ့်သူ မရှိခဲ့သော်လည်းပတ်ဝန်းကျင်ရဲ့ ရှုံ့ချမှုတော့ အတော်လေးခံခဲ့ရသေးသည်။
ဂျောင်ဂုကတော့ သူ့ရဲ့မိသားစုဆီက ရှောင်ဖယ်မှုတွေကိုပါ ခံခဲ့ရပါသည်။
သူ့အဖေနဲ့အိမ် ကိုပါ စွန့်ခွာပြီး သူ့ကိုရွေးချယ်ခဲ့သော ဂျောင်ဂုကို တခါတလေ အရမ်းပဲ ကျေးဇူးတင်မိသည်။
YOU ARE READING
Prologue Of Ending Story (completed )
Fanfictionကြင်နာမှုတွေအပြည့်နဲ့ ပြန်စတင်မယ့် ဒီဇာတ်လမ်းလေးမှာ အကိုရယ် ကျွန်တော်ရယ် ကျွန်တော်တို့ရဲ့ နှောင်ကြိုးလေးရယ်...💜