#Unicode
တနေ့.....တနေ့ပေါ့ထိုနေ့ ကစလို့ အရာရာမှားယွင်းပြီး ကျွန်တော်ယော ဂျောင်ဂုယော.....နှစ်ယောက်လုံး စိတ်ဆင်းရဲခဲ့ရမယ် ဆိုတာကို သိခဲ့ရင် ...
အဲ့နေ့တုန်းကလည်း ထုံးစံအတိုင်း မနက်ခင်း.... အလုပ်သွားရန်အတွက် ဂျောင်ဂု ပြင်ဆင်နေခဲ့သည်။
ထယ်ယောင်း ကိုယ်တိုင်လည်း ဘေးနားကနေ ကူညီပေးနေရင်းပေါ့.."ကဲ ရပါပြီ...."
Necktie ကို သေချာလေးအရောင်ရွေးပေးကာ ကိုယ်တိုင်ကိုယ်ကျ စည်းပေးရမှ.....သဘောကျကျေနပ်တက်သည့် အကို။
အခုလည်း company တွင် ညစာစားပွဲရှိတာကြောင့်....ခါတိုင်းထက်ပိုမိုကြည့်ကောင်းအောင် သေချာပြင်ဆင်ပေးကာ ပြုံးပြုံးလေး ဖြင့် ....သဘောကျနေပြန်သည်။"ဘယ်လိုလဲ အကို့ ယောင်္ကျား ကျွန်တော် အရမ်းချောသွားပြီလား.."
မေးစေ့အောက်နား တွင် လက်ညိုးနဲ့လက်မကို ဗွီပုံသဏ္ဌန် လုပ်၍....ဂျောင်ဂုက မျက်ခုံးပင့်ပြလိုက်တော့....
မျက်စောင်းထိုးလေသည့် အကို.."ချောတာမှ ကိုင်လို့မရအောင် ချောတာ...ဒါပေမယ့်လည်း ငါ့ကို မှီမယ် မထင်ပါဘူး...ငါကအရမ်းချောတော့ ငါ့ဆီက နေ မင်းဆီကို ကူးသွားတာ ဖြစ်မယ်..."
ကျွန်တော့်မေးစေ့ကို ခပ်ဖွဖွတို့ထိလျက် ပြောလာလေသည့် အကို့ကြောင့်....
သဘောတကျပြန်ရီမောမိသည်က ကျွန်တော်...
လိပ်ကလေး....သူကပိုချောတာမို့ သူ့ဆီကနေ ကူးရသတဲ့..
ပြောလည်း ပြောတက်ပါပေ့.."ကျွန်တော် ညနေ ခါတိုင်းထက် နောက်ကျမှာမို့.... အရမ်းနောက်ကျရင် မစောင့်ပဲ အိပ်နှင့်နော်..."
အရမ်းနောက်ကျရင် ဆိုသည့် စကားကြောင့်...ထယ်ယောင်း အလိုမကျစွာ ပြန်လည် မေးခွန်းထုတ်မိလိုက်၏။
"နေပါအုန်း...အရမ်းနောက်ကျတဲ့အထိ မင်းက ဘာလုပ်နေမှာလဲ....ကိုယ့်ကိုကိုယ် အိမ်ထောင်သည် ဆိုတာ သတိရနော် ဒါပဲ ပြောမယ်..."
စူပုပ်ပုပ်မျက်နှာထားဖြင့် သတိပေးနေသော အကိုကျားကစ်ကို...ခါးမှဆွဲပွေ့ကာ ရင်ခွင်ထဲ ထည့်လိုက်ရင်း..
YOU ARE READING
Prologue Of Ending Story (completed )
Fanfictionကြင်နာမှုတွေအပြည့်နဲ့ ပြန်စတင်မယ့် ဒီဇာတ်လမ်းလေးမှာ အကိုရယ် ကျွန်တော်ရယ် ကျွန်တော်တို့ရဲ့ နှောင်ကြိုးလေးရယ်...💜