#Unicode
"ဒယ်ဒီ....သား ရေခဲမုန့် စားချင်တယ်..."ဒီနေ့အလုပ်ပိတ်ရက်မို့ အားလပ်ချိန်ခနလေး စာကြည့်ခန်းထဲဝင်ကာ စာအုပ်ဖတ်နေခိုက်...တောင်းဆိုလာသော သားရဲ့ အသံကြောင့် ဖတ်လက်စ စာအုပ်အား ဘေးသို့ချလိုက်မိသည်။
"စားချင်ရင် သွားယူစားလေ သားရဲ့...ရေခဲသေတ္တာထဲ ရှိတယ်မလား.."
"ရှိတော့ရှိပါတယ်....ဒါပေမယ့် ပါးပါးကပြောတယ် ကူကူးနည်းနည်းချောင်းဆိုးနေလို့ မစားရဘူးတဲ့ မှာထားတယ်.."
သားက ရေခဲမုန့်လည်းစားချင်...အကို့ဆီကလည်း အဆူခံရမှာကို ကြောက်နေသည့်ပုံပင်။
"ဂျောင်ဂုရေ...ငါ ခနလောက် စတိုးဆိုင်သွားလိုက်အုန်းမယ်.."
"အွန်း...ဟုတ်ပြိီ အကို..."
အခန်းအပြင်မှ လှမ်းအော်သံနေသော အကို့အသံကြောင့်...သားအား တိတ်တိတ်နေရန် အမူယာပြလျက် အကို့အား ပြန်အော်ပြောလိုက်သည်။
တံခါးပိတ်သံကြားရတဲ့အထိ စောင့်ပြီးမှ သားအဖနှစ်ယောက် အခန်းထဲမှနေ၍ ခေါင်းလေးပြူရုံသာ ချောင်းကြည့်ကြကာ....အိမ်ထဲအကိုမရှိတာ သေချာတော့မှ နှစ်ယောက်သားမီးဖိုခန်းဆီ ပြေးကြသည်။
ရေခဲသေတ္တာထဲမှ သားအကြိုက် စတော်ဘယ်ရီ ရေခဲမုန့်အား ထုတ်ယူပြီး...ဇွန်းတစ်ယောက်တစ်ချောင်းစီ ကိုင်ကာ ခပ်စားကြလေတော့သည်။"အရသာရှိလား..."
"အွန်း..အရမ်း အရသာရှိတယ် .."
"ဖြေးဖြေးစား....မင်းပါးပါးထယ်က စျေးဝယ်ရင်ကြာတယ်...ဒါကြောင့် အေးဆေးစား..."
အဖေဖြစ်သူက မြှောက်ပေးသည်။
သားလုပ်သူက ခေါင်းငြိမ့်လျက်နာခံသည်။လိုက်လည်းလိုက်တဲ့ ချစ်စရာသားအဖနှစ်ယောက်ရယ်ပါ။
ထိုအခိုက် ကားသော့မေ့ကျန်ခဲ့၍ နောက်ကြောင်းပြန်လှည့်လာသော ထယ်ယောင်းရဲ့ တံခါးဖွင့်သံကို ရေခဲမုန့်ထဲ မျောနေသော ယုန်သားအဖက မကြားချေ။
တံခါးဖွင့်ကာဝင်ပြီးနောက် မေ့ကျန်ခဲ့သော ကားသော့ကို ယူပြီး ပြန်ထွက်ရန် အလုပ်....မီးဖိုခန်းဘက်ဆီမှ ရီသံသဲ့သဲ့ကြောင့် ခြေလှမ်းတွေက ထိုအသံတွေဆီ ဦးတည်သွားမိသည်။
အသာလေး ချောင်းကြည့်တော့ ရေခဲမုန့်ဘူးကြီးအား အလယ်မှာ ထားကာ...တစ်ယောက်တစ်လှည့်စီ ခွံ့ကျွေးရင်း ချစ်ကြည်နူး တစ်တီတူးနေကြသော ဟိုယုန်သားအဖ။
သြော်...ငါ အပြင်သွားတယ်ဆိုပြီး ဒင်းတို့သားအဖက ရေခဲမုန့်ခိုးစားနေကြတာကိုး နာပြီသာမှတ်...
STAI LEGGENDO
Prologue Of Ending Story (completed )
Fanfictionကြင်နာမှုတွေအပြည့်နဲ့ ပြန်စတင်မယ့် ဒီဇာတ်လမ်းလေးမှာ အကိုရယ် ကျွန်တော်ရယ် ကျွန်တော်တို့ရဲ့ နှောင်ကြိုးလေးရယ်...💜