#Unicode
ဒီနေ့ ဂျောင်ဂု နဲ့ ချယ်ယောင်း အပြင်ထွက်ပြီး စျေးကွက်အခြေအနေအား စစ်ဆေးရန် အလှည့်ကျသည့်နေ့.....
ဆိုင်ခွဲတွေဆီက ရောင်းအားအခြေနေတွေကို မားကတ်တင်းမန်နေဂျာ ကိုယ်တိုင်တစ်လတစ်ခါဆင်းပြီး....စစ်ဆေးရသည်မို့ သေချာဂရုစိုက်ရသည်။
အရင်တုန်းက လ်ိုက်နေကျဝန်ထမ်းက ဒီနေ့ အလုပ်မလာတာကြောင့်.... သူ့အစား ချယ်ယောင်းက လိုက်လာခဲ့သည်။"ဒီအင်္ကျီတွေကို ပြောင်းချိတ်ပေးပါ....တစ်လလုံးလုံး ဒီလို ဒီဇိုင်းတွေပဲ ချိိတ်ထားမယ်ဆိုရင် အဆင်မပြေဘူးလေ..."
အရောင်းဝန်ထမ်းကောင်မလေးအား သေချာရှင်းပြနေသော .....ဂျောင်ဂုရဲ့ ပုံစံကို ချယ်ယောင်း ငေးကြည့်နေမိ၏။
ကျောင်းတက်တည်းက .....ဂျောင်ဂုဟာ ပျိုတိုင်းကြိုက်တဲ့ လူပျိုချောလေး ပဲလေ။
မိန်းခလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ သူဌေးသားလေးက......သာမန် company မှာ မန်နေဂျာ အဖြစ်နဲ့နေနေတဲ့ ကိစ္စကို....ကျွန်မ အရမ်းသိချင်မိသည်။
သူနဲ့ကျွန်မက ငယ်သူချင်းတွေမို့ ပြောမနာဆိုမနာတွေ ဖြစ်ခဲ့ကြတာပေါ့။
အခုချိန်ထိ သူ့နှလုံးသားမှာ ပိုင်ရှင် မရှိသေးတာလား....?
ထိုနှလုံးသားရဲ့ ပိုင်ရှင်က ကျွန်မယော ဖြစ်ခွင့်ရှိနိုင်ပါ့မလား..."ကဲ ပြီးပြီ...ချယ်ယောင်း သွားရအောင်.."
သူ့ အသံကြားမှ အတွေးထဲကနေ ရုန်းထွက်လိုက်ရင်း....
"အင်း သွားမယ်လေ....ဒါနဲ့ နေ့လည်စာ စားချိန်တောင် ရောက်နေပြိီ...ငါတို့ တစ်ခါတည်း နေ့လည်စာ ဝင်စားရအောင်လား..."
လက်မှ နာရီကို ဂျောင်ဂုက တစ်ချက်မြှောက်ကြည့်လိုက်ပြီး.....
"အချိန်တွေက ဒီလောက်တောင် ရှိသွားပြိီလား....လာလေ အဲ့ဒါဆိုလည်း ဝင်စားကြတာပေါ့..."
အရှေ့ကနေ ဦးဆောင်လျက်ထွက်သွားသော ဂျောင်ဂုကို ကြည့်ရင်း....သူမ နှုတ်ခမ်းထက် အပြုံးလေးတွေ ဖြစ်ထွန်းသွားရသည်။
နေ့လည်စာကို ထမင်းနဲ့စွတ်ပြုတ်ပူပူလေးစားဖြစ်ခဲ့ကြပြီး....ကျောင်းတုန်းကအမှတ်တရတွေကိုလည်း ပြန်ပြောဖြစ်ခဲ့ကြ၏။
YOU ARE READING
Prologue Of Ending Story (completed )
Fanfictionကြင်နာမှုတွေအပြည့်နဲ့ ပြန်စတင်မယ့် ဒီဇာတ်လမ်းလေးမှာ အကိုရယ် ကျွန်တော်ရယ် ကျွန်တော်တို့ရဲ့ နှောင်ကြိုးလေးရယ်...💜