ep~~19

12.6K 1K 199
                                    

#Unicode
ဝိုးတဝါး မြင်ကွင်းနဲ့အတူတူ နှာခေါင်းထဲတိုးဝင်လာသည့် အနံ့​တစ်ခုကြောင့် ...မနှစ်မြို့စွာ နှာခေါင်းရှုံ့မိသည်။
ငါ ဘယ်ရောက်နေပါလိမ့်?
နှာခေါင်းတွင်း ရနေရသည့် အနံ့က ပိုးသတ်ဆေးအနံ့လိုပင်။
ဆေးရုံတွေမှာ ရနေကျအနံ့မျိုး။
နိုးနိုးချင်း ဖြစ်သမျှအကြောင်းစုံကို ပြန်စဥ်းစားမိတော့...လှေကားထိပ်မှာ သူမနဲ့ထယ်ယောင်း စာရွက်တစ်ခုကို လုနေခဲ့သည်။
အပြန်လှန်လုနေရင်း ယောင်ယမ်းကာလွှတ်ချမိလိုက်ချိန်မှာတော့...
သူမသည်လည်း လှေကားထိပ်မှ ပြုတ်ကျခဲ့တာကို မှတ်မိလို့သွားသည်။
ဒါဆို ကျွန်မခလေး..ခလေးယော?

"သတိရလာပြီလား ချယ်ယောင်း.."

မေးသံနဲ့အတူတူ အနားသို့ရောက်လာသည့် ဂျောင်ဂု...
သူက ဘာကိစ္စကျွန်မနဲ့တူတူရှိနေရပါလိမ့်?

"ဂျောင်ဂု...ငါ့ခလေးယော ခလေး ဘာမှမဖြစ်ဘူးမလား.."

သတိရလာလာချင်း ခလေးအကြောင်းမေးနေသည့် သူမကို ကြည့်ပြီး...ဂျောင်ဂု ဘာပြန်ဖြေရမှန်းမသိ။

"တောင်းပန်ပါတယ်...နင့်ခလေးကို ငါမကယ်လိုက်နိုင်ဘူး.."

ကြားလိုက်ရသည့် အဖြေဟာ ရင်ကွဲမတက်...
ခလေးရယ် ဒီအမေ​က မင်းကို လူ့လောကထဲတောင် ရောက်မလာသေးခင်...သူမအတ္တကြောင့် သတ်ခဲ့မိပြီလား။
ယူကြုံးမရသော မျက်ရည်တွေက ပါးပြင်ထက် အလုအယက် နေရာယူလာကြပြန်သည်။
တောင်းပန်ပါတယ် အမေ့ခလေးလေးရယ်။

ခုတင်ထက်ဝမ်းနည်းစွာငိုကြွေးနေသော သူမအား ကြည့်ပြီး...​နှစ်သိမ့်ပေးစရာ စကားလုံးတွေလည်း ဂျောင်ဂုရှာမတွေ့ခဲ့ပါ။
မိန်းမတစ်ယောက်အတွက် လွယ်ထားရတဲ့ရင်သွေးကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုကို ဘယ်လိုအရာတွေကများ နှစ်သိမ့်ပေးနိုင်မှာတဲ့လဲ။

"ငါ ဆန်ပြုတ်ဝယ်လာခဲ့တယ် မအေးခင် စားလိုက်အုန်း...နင် သတိမေ့နေတာ နှစ်ရက်ရှိပြီ.."

ဆန်ပြုတ်အား ပန်းကန်ထဲသို့လှယ်ထည့်ရင်း ပြောနေသော ဂျောင်ဂုကြောင့်...သူမတကယ်မကောင်းတဲ့သူလို ခံစားလာရသည်။
ခလေးလည်းမရှိတော့တာကို ဒီထက်ပိုပြီး ဂျောင်ဂုကို ဆွဲထားမိရင် ..ဂျောင်ဂုပေါ်အတော်လေး မတရားသလိုဖြစ်နေမှာ။
ပြီးတော့ သူမကလည်း ချယ်ယောင်းမှမဟုတ်ပဲလေ။

Prologue Of Ending Story (completed )Where stories live. Discover now