ep~~22

13.9K 1.1K 208
                                    

#Unicode
အသစ်တဖန်ပြန်လည်ဆောက်တည်ထားသော ယုံကြည်မှုနဲ့အတူတူ အကို့ရဲ့ခွင့်လွှတ်မှုကိုပါ ဂျောင်ဂုမျှော်လင့်မိသည်။
တစ်ပါတ်လုံးလုံး အဖေရှိနေ၍ပဲလားတော့ မပြောတက်။
စကားကို အလိုက်ထိုက်အနည်းငယ်တော့ ပြောလေသည့်အကိုဟာ သူ့ရဲ့စိတ်တံခါးကိုတော့ မဖွင့်သေး။
ကိစ္စတော့မရှိပါဘူး...အကို့နှလုံးသားထဲထိ ကျွန်တော်က မြင်အောင်ကြည့်တက်ပြီးသား။
မမုန်းတက်ပဲမုန်းချင်ယောင်ဆောင်နေသော အကို့ရဲ့ စိတ်လေးကို ကျွန်တော်မြင်တက်ခဲ့ပါသည်။
ဒီနေ့ အဖေက ဘူဆန်သို့ပြန်မည်။
ဟိုမှာရှိသည့်Company ကအကြာကြီးပစ်ထားလို့မရသောကြောင့် ပြန်သွားခဲ့ခြင်းဖြစ်ပြီး....အကိုမွေးသည့်အခါ ဆက်ဆက်လာခဲ့မယ်လို့ ကတိပေးသွားခဲ့သည်။
အဖေ့ကို ကျွန်တော်ကိုယ်တိုင်လိုက်ပို့ဖို့ပြင်တော့ အဖေကမလိုက်ခိုင်း။
အကို့နားမှာနေရန်သာ မှာတာမို့...လမ်းထိပ်ထိသာ လိုက်ပို့ပေးပြိိီး အိမ်သို့ပြန်လာခဲ့သည်။
အိမ်ထဲပြန်ရောက်တော့ အကိုကရေချိုးရန် ပြင်နေသည့်ပုံ...

"အကို ရေချိုးတော့မလို့လား..."

"အွန်းးးး"

"ဒါဆို ခနလေး ကျွန်တော် ရေနွေးနွေးလေးစပ်ပေးမယ်..."

ရေချိုးခန်းထဲဝင်ကာ ရေပူရေအေးအား ရေချိုးကန်ထဲ ခပ်နွေးနွေးဖြစ်သည်အထိ ရောစပ်ကာ ဖြည့်ပြီးမှ သူပြန်ထွက်လာခဲ့လိုက်သည်။

"ရပြီ အကို ရေနွေးစပ်ပြီးပြီ.."

ချော်လဲမည်ကို စိုးရိမ်သောကြောင့် ဂျောင်ဂု အကို့ရဲ့ကိုယ်လုံးလေးအား ပွေ့ချီလိုက်တော့...အာမေဋိတ် သံလေးက အကို့ဆီမှ ထွက်ပေါ်လာခဲ့သည်။

"အို့....ဘာလုပ်တာလဲ ပြန်ချပေး.."

"ဟင့်အင်း....မချပေးပါဘူး..ချော်လဲမှာစိုးလို့ ကျွန်တော် လိုက်ပို့မှာ.."

ဇွတ်တရွတ်နိုင်သော ဂျောင်ဂုအား...ထယ်ယောင်း ဘာမှမပြောလ်ိုတော့။
ရေချိုးကန်ထဲအသာချပေးပြီးသော်လည်း ဒင်းကထွက်မသွားသေး။

"သွားလေ...ဘာလုပ်နေတာလဲ.."

"ဟင့်အင်း မသွားပါဘူး...ကျွန်တော် ကိုယ်တိုင်ချိုးပေးမှာ..."

Prologue Of Ending Story (completed )Where stories live. Discover now