#Unicode
Note...(အစစ်မကို ပတ်ချယ်ယောင်းနဲ့ပဲ ဆက်ရေးမယ်နော်...သူကဟန်ဆောင်နေတာဆိုတော့ )ထယ်ယောင်း မြို့ထဲရှိ ကော်ဖီဆိုင်လေးတစ်ဆိုင်သို့ ရောက်ရှိလို့နေသည်။
အကြောင်းရင်းက ပတ်ခ်ချယ်ယောင်းနဲ့ချိန်းဆိုထားတာမို့....
ရှေ့တွင်ရောက်ရှိနေပြီဖြစ်တဲ့ နွားနို့ပူပူလေးအား သူစိုက်ကြည့်မိလိုက်သည်။
အဖြူရောင် နွားနို့လေးကို တခြားအရာတွေနဲ့ ပေါင်းစပ်တဲ့အခါ ရနံ့ယော,အရသာပါ ပြောင်းလဲသွားသလို...
အချစ်ကလည်း ဒီလိုပဲ အဖြူထည်ကနေ အရောင်ဆိုးဖို့ကြိုးစားမိရင်...ခင်မင်မှုယော,သံယောဇဥ်တွေပါ ပြောင်းလဲသွားတက်ကြတာလား။
ညတုန်းတည်းက ခေါင်းပေါက်မထွက်စဥ်းစားခဲ့ပြီးပြီ။
ထွက်လာသော အဖြေက တစ်ခုတည်း..ကျွန်တော် ဂျောင်ဂုကို မစွန့်လွှတ်ပေးနိုင်ဘူး။
ကျွန်တော့် အနာဂတ်ရင်သွေးလေးရဲ့ ဖခင်ဖြစ်သလို...ကျွန်တော့်ရဲ့ တစ်ဦးတည်းသောအားကိုးရာလည်း ဖြစ်တာမို့...မစွန့်လွှတ်ပေးနိုင်တာ အမှန်ပါ။
ဂျောင်ဂုဖုန်းထဲက ချယ်ယောင်းရဲ့ဖုန်းနံပါတ်အားကူးကာ..ဆက်သွယ်လိုက်ပြီး အခု ချိန်းဆိုထားရာနေရာသို့ ကျွန်တော်က အရင်ရောက်နေခဲ့ခြင်းပင်။
အရင်တုန်းက သူမကို စကားပင်မပြောခဲ့သော ကျွန်တော်ဟာ...အခုတော့ ကျွန်တော်ချစ်ရသူအတွက် မာနတွေ ခဝါချပြီး အခေါ်ပြောလုပ်ရတော့မည်။
ကျွန်တော်ထွက်လာတာ ဂျောင်ဂုပင်မသိ။
ညကမူးနေခဲ့တာကြောင့် ဒီမနက်သူတော်တော်နဲ့ မထနိုင်ဘူးလေ။
စိတ်မပူရအောင်တော့ စာလေးရေးပေးထားခဲ့ပါသည်။"ဆောရိီး...ဒို့ နည်းနည်းနောက်ကျသွားတယ်..."
အတွေးပင်လယ်ဝေနေသော ထယ်ယောင်း...သူမရဲ့ နှုတ်ဆက် စကားကြောင့် သတိပြန်ဝင်လို့လာခဲ့သည်။
"ထူးထူးဆန်းဆန်း ထယ်ယောင်းဘက်က ဆက်သွယ်လို့ ပါလား.."
မထိတထိပြုံးသော သူမမျက်နှာထားသည် အရာအားလုံး အနိုင်ရမည့် ပုံစံ ဖမ်းထားခဲ့သည်။
"အကြောင်းရင်းက ဘာလဲဆိုတာ မပြောလည်း ချယ်ယောင်း သိမယ်ထင်ပါတယ်.."
"အော်...ခလေးကိစ္စလား.."
မှာယူထားသော ကော်ဖီခွက်ရောက်လာတာမို့.. သူမက တစ်ငုံ သောက်ရင်း..ပြန်ဖြေသည်မှာ အေးအေးလူလူ။
YOU ARE READING
Prologue Of Ending Story (completed )
Fanfictionကြင်နာမှုတွေအပြည့်နဲ့ ပြန်စတင်မယ့် ဒီဇာတ်လမ်းလေးမှာ အကိုရယ် ကျွန်တော်ရယ် ကျွန်တော်တို့ရဲ့ နှောင်ကြိုးလေးရယ်...💜