#Unicode
ချယ်ယောင်းတစ်ယောက် ဆိုးလ်ဆေးရုံကြီးသို့ ရောက်ရှိလို့နေခဲ့သည်။
ဒီနေ့ဆေးစစ်ချက်အဖြေထွက်လာမည့်နေ့မို့ခနနေဂျောင်ဂု နဲ့ သွားတွေ့ရမည်။
အခုဆေးစစ်ချက်အဖြေကိုလည်း လာယူရင်း...
တခြားလုပ်စရာကိစ္စရှိသေးတာမို့...ရောက်ရှိလို့နေခဲ့ခြင်းဖြစ်သည်။"ဘုတ်!!"
လမ်းထောင့်ချိုးကော်ရစ်တာအား ချိုးကွေ့လိုက်ချိန်....ဂျီမင် အမျိုးသမီးတစ်ယောက်အား ဝင်တိုက်မိသည်မို့.....သူမ ထံမှပြုတ်ကျသွားသော ပစ္စည်းတချို့အားကောက်ပေးရင်း တောင်းပန်စကားဆိုလေတော့..
"ရရဲ့လား...ကျွန်တော် ရုတ်တရက်မို့ မမြင်လိုက်ဘူး....တောင်းပန်ပါတယ်.."
"ရပါတယ်...ကျွန်မကလည်း သတိမထားမိလိုက်ဘူးလေ..."
ကျွန်မကလည်း လွယ်အိတ်ထဲမှဖုန်းကိုထုတ်ရင် ချိုးကွေ့လိုက်သည်မို့...တစ်ဖက်လူကို မမြင်မိ။
ပြုတ်ကျသွားသောပစ္စည်းတချို့အားကောက်ရင်း အားနာစကားဆိုလိုက်မိသည်။တစ်ယောက်နဲ့တစ်ယောက် အားနာစကားပြောပြိီးနောက်.. ..
ထွက်ခွာသွားပြီဖြစ်သည့် အမျိုးသမီးအား ဂျီမင်ကြည့်မိတော့.....သူမဝင်သွားသည့် နေရာက သားဖွားမီးယပ်နဲ့ဆိုင်သော ဌာနအခန်း။
ကိုယ်ဝန်ဆောင်သည်များလား ဆိုပြီး အားနာသည့် စိတ်လည်းဖြစ်မိသလို....ထူးဆန်းနေသည့် စိတ်ခံစားချက်ကယော ဘယ်လိုကြီးပါလိမ့်?
အမှတ်မထင်တွေ့လိုက်ရသည်က ကြမ်းပြင်ပေါ်ပြုတ်ကျနေသည့် အရာတစ်ခု။
ပတ်ခ်ဆယ်ယောင်း ဆိုသည့် နာမည်လေးနဲ့အညိုရောင် စက္ကူ အိတ်တစ်ခု။
ကြည့်ရတာ အရေးကြီးသည့် စာရွက်ဖြစ်ပုံရမည်။
ဂျီမင်လည်းကောက်ယူပြီး သူမအားပေးရန်...အခန်းအပြင်ဘက်တွင် စောင့်နေလိုက်မိသည်။
တအောင့်အကြာ ပြန်ထွက်လာသည့် စောနကအမျိုးသမီး။"ပတ်ခ်ဆယ်ယောင်းရှီးးး"
"ဟုတ်ကဲ့...အာ...ခုနက ဆရာဝန်လေးပါလား...ကျွန်မနာမည်ကို ဘယ်လိုသိလဲ.."
"ဒီအိတ်ပေါ်မှာရေးထားတာကြောင့်ပါ..... ခင်ဗျား စာရွက်ထင်တယ်...ပြုတ်ကျနေတာမို့ ကျွန်တော်ပြန်ပေးဖို့ စောင့်နေတာ..."
YOU ARE READING
Prologue Of Ending Story (completed )
Fanfictionကြင်နာမှုတွေအပြည့်နဲ့ ပြန်စတင်မယ့် ဒီဇာတ်လမ်းလေးမှာ အကိုရယ် ကျွန်တော်ရယ် ကျွန်တော်တို့ရဲ့ နှောင်ကြိုးလေးရယ်...💜