[Zawgyi]
ဒီနေ့ဟာ ကျောင်းစတက်ရမယ့်နေ့ပဲ။
ဘန်ဘန်တို့သုံးယောက်လုံးရဲ့ First Uni Dayပေါ့။သုံးယောက်လုံး စောစောထကြတယ်။
သွားတိုက် ၊ မျက်နှာသစ် ၊ ရေချိုး ၊ ထည့်စရာရှိတဲ့ စာအုပ်တွေထည့် မုန့်တွေထည့် ရေဘူးတွေထည့် ။ကြက်ဖကိုလည်း အစက ထည့်မလို့ပဲ။
အဆင်မပြေတာကြောင့် အစာနဲ့ရေလေးချထားပေးခဲ့ပြီး
ဒီတိုင်းပဲ ပစ်ထားခဲ့ရတော့တယ်။ဘန်ဘန်လေးဟာ ကြက်ဖကို ဒီတိုင်းထားခဲ့ရတဲ့အတွက်
စိတ်မကောင်းခြင်း သေးသေးလေး ဖြစ်မိတယ်။ 😔
ဘယ်တတ်နိုင်ပါ့မလဲ ကံတရားပဲပေါ့။သုံးယောက်စလုံးဟာ ပထမဆုံးနေ့မို့လို့ ရင်တွေအရမ်းခုန်နေကြတယ်။ ဘယ်လိုပြောပြရမလဲတောင် မသိတော့လို့ ပြောမပြတော့ဘူး။
၈နာရီခွဲမှာတော့ လွယ်အိတ်ကိုယ်စီလွယ်ပြီး အဆောင်ကနေ ထွက်လာခဲ့တယ်။ ပထမဆုံးနေ့မို့ အဆောင်ကနေ ကားအတူတူစီးပြီး ကျောင်းကိုသွားတယ်။ ကျောင်းရောက်တော့ အခန်းလိုက်ရှာ ဘာညာပေါ့လေ။ ခုံနံပါတ်ကလည်း ရှေ့ဆင့်နောက်ဆင့်တွေမို့ အခန်းကအတူတူပဲ။
ပြဿနာက အဲ့မှာစတယ်။
ချယ်ယောင်းဟာ သူများထက်နည်းနည်းလေးနောက်ကျ
ပြီးမှ အိပ်ရာနိုးတဲ့အတွက် အိမ်သာမတက်ခဲ့ရသေးဘူး။
ကျောင်းရောက်မှ ကိစ္စက ပေါ်လာတယ်။"အ!!"
သုံးယောက်လုံး လမ်းလျှောက်ရင်းနဲ့ တုံ့ခနဲ့ရပ်သွားကြတယ်။
"ဘာဖြစ်လို့လဲ"
ဘန်ဘန်ကမေးတယ်။"ဗိုက် ဗိုက်နာလို့"
ဘန်ဘန်နဲ့ဂျီဆူး နည်းနည်းလေးပြာယာခတ်သွားတယ်။
နည်းနည်းလေးပဲ။"ဗိုက်နာရင် ခေါင်းပေါ်ရေဘူးတင်ထားမလား"
လို့ဂျီဆူးကပြောလိုက်တယ်။"ဟာ...ဗိုက်နာနေပါတယ်ဆို"
ချယ်ယောင်းကတော့ ဗိုက်ကိုနှိပ်ပြီး တအားအားနဲ့ဖြစ်နေ
ပြီ။"အိမ်သာ အိမ်သာ အရင်ရှာရမယ်"
ဖြစ်ချင်တော့ ကျောင်းသူလေးသုံးယောက်ဟာ အိမ်သာသွားတဲ့လမ်းကို မသိပါဘူး။
YOU ARE READING
Aunty NiNi
Fanfictionဘန်ဘန်လေးရဲ့ အန်တီနီနီ အန်တီနီနီ + ဘန်ဘန်လေး = ? ဘန်ဘန်လေးရဲ့ အန်တီနီနီ အန်တီနီနီ + ဘန်ဘန်လေး = ? Ref; Crd Idea