[10]

6K 518 113
                                    

[Zawgyi]

အန်တီနဲ့ တွေ့ပြီးတဲ့နောက်ပိုင်းမှာ ဘန်ဘန်လေးဟာ
အရမ်းကိုတက်ကြွပျော်ရွှင်နေပါတယ်။

အခန်းထဲက ကြက်ဖကြီးကတောင် သူတက်ကြွတာကို
မမှီပါဘူး။

ကျောင်းဆင်းတဲ့ ညနေခင်းတစ်ခုမှာ......

ရေချိုးဖို့ တဘက်လေးပခုံးပေါ်တင် ဆပ်ပြာရည်ဘူးလေးယူပြီး ရေချိုးခန်းဖို့ ထွက်သွားတယ်။
ချယ်ယောင်းနဲ့ဂျီဆူးကတော့ နောက်ကလိုက်လာကြ
တယ်။ ရေချိုးခန်းထဲရောက် ရေဖွင့် ၊ ရေချိုး..။

တကယ်တော့ ရေချိုးခန်းဆိုတာ အသံစစ်တဲ့နေရာ
၊ ခံစားချက်တွေပေါက်ကွဲတဲ့နေရာ ၊ သရုပ်ဆောင်ချင်ရင် လွတ်လွတ်လပ်လပ် သရုပ်ဆောင်လို့ရတဲ့နေရာ ဖြစ်ပါတယ်။ ရေချိုးခန်းထဲမှာ ဘယ်သူမဆို အဆိုတော်ဖြစ်လို့ရတယ်။ ဘယ်သူမဆို နိုင်ငံကျော်သရုပ်ဆောင်ဖြစ်လို့ရပါတယ်။

ကျွန်တော်တို့ရဲ့ ဘန်ဘန်လေးဟာလည်း
ရေချိုးခန်းထဲမှာ ဘာလုပ်တယ်လို့ ထင်ပါသလဲ။

"🎼နီးခြင်းဝေးခြင်း ပညတ်များ
အန်တီ တီထွင်ကာပြုစား...
သိပ်ဝေးတော့ လွမ်းသလို...သိပ်နီးတော့ အချစ်ပို.....😊

သွေးကြောထဲကစွမ်းအင်များ.....
အန်တီ ဖန်ဆင်းပေးထားလား.......☺️

ပိုင်းခြားထားတဲ့ ခရီးမိုင်များ ....
လွယ်လွယ်ကျော်လွှားမယ့်နှလုံးသား....😍

တွန်းအားလားကွယ်...ခွန်အားလား.💪...
ဒါဒါဒါ ..ဒါဒါ .ဒါ...ဒါ.."🎤

ဆပ်ပြာလေးတိုက်ရင်း...သီချင်းလေးဆို....

အဆိုတော် ဘန်ဘန်လေးပါပဲ။☺️

ဘန်ဘန်လေး ရေချိုးတဲ့အခန်းလေးကတော့ ဆူညံလို့ပေါ့။
ရေချိုးပြီး ထွက်လာတော့ စီနီယာတစ်ချို့ရယ် ချယ်ယောင်းရယ်  ဂျီဆူးရယ်က စိုက်ကြည့်နေကြတယ်။

ဘာလဲ....ဘန်ဘန်လေးရဲ့ အသံချိုချိုလေးမှာ ကြွေဆင်းသွားကြတာများလား..🤔

အဲ့လိုပဲတွေးလိုက်တယ်။ ပြီးတော့ သီချင်းလေးထပ်ဆို၊
ခြေလေးလှုပ် လက်လေးလှုပ်နဲ့ ကပြီး အခန်းထဲပြန်ဝင်လာလိုက်တယ်။

Aunty NiNiWhere stories live. Discover now