[8]

5.3K 509 122
                                    

[Zawgyi]

ဘန်ဘန်လေးဟာ စိတ်ပျက်လက်ပျက်နဲ့ စာရေးစားပွဲပေါ်မေးတင်ရင်း ကြက်ကို အစာကျွေးနေတယ်။
ကြက်ကလေးကို ပြောင်းဖူးစေ့လေး တစ်စေ့ချင်း  တစ်စေ့
ချင်း..........ကျွေး..ရင်း....

အန်တီ့ကို တွေ့ပြီးရင်း တွေ့ချင်လှပြီ😢

ဒါပေမဲ့ ဘယ်လိုလုပ် သွားတွေ့ရမှာတုန်း။

ကုမ္ပဏီရှေ့ထပ်သွားပြီး ယိတိယားတား သွားလုပ်ရင်
လည်း လုံခြုံရေးကရဲခေါ်ဦးမယ်။

ဘလိုင်းကြီး  ဂျင်းနီဂင်နဲ့တွေ့မယ်လို့ ပြောပြီး ဝင်သွားရအောင်ကလည်း ကိုယ်က စီးပွားရေးလုပ်ငန်းရှင်မဟုတ်။

ဂျင်းနီဂင်ကို ခုချက်ချင်းခေါ်ခဲ့လို့ပြောပြီး ခေါ်တွေ့ချင်သော်လည်း  ကိုယ်က သမ္မတမြေးလည်းမဟုတ်။

အန်တီရှိတဲ့ရုံးခန်းကို တွယ်တက်သွားရအောင်ကလည်း
ဘယ်ပင့်ကူကမှလာမကိုက်ဘူး။ Spider Manလေးသာဖြစ်လိုက်ရင်တော့ ကောင်းတာပေါ့။

စူပါမန်းကြီးလိုပျံသန်းနေရအောင်ကလည်း အတွင်းခံဘောင်းဘီကို အပြင်ထုတ်မဝတ်ရဲ။ 😢

သြော..............ဘဝ ...... ဘဝ......ဆိုးလိုက်တဲ့ 
ဘန့်ဘန့်ဘဝ😢😢😭 

ကိုယ်ချစ်ရတဲ့သူနဲ့တောင် သွားတွေ့ခွင့်မရှိတဲ့ ဘဝ။

ကိုယ်အစာကျွေးနေတဲ့ ကြက်ကလေးသာဖြစ်လိုက်ချင်တော့တယ်။ သူ့မှာအတောင်တွေပါတယ်လေ။
အနည်းဆုံးတော့ ပျံလို့ရမှာပါ။

ခုတော့.....အဟင့်ဟင့်...😭😭😭

ရုတ်တရက်ကြီး ဘန်ဘန်လေးဟာ ကြက်ကိုစိတ်တိုသွားခဲ့ပါတယ်။

သွားကွာ ..စိတ်တိုလာပြီ။ 😒
ဒီကြက်ကို စားလို့ကိုမပြီးနိုင်ဘူး။ 😒
ကျွေးတိုင်းစား ၊ အားတိုင်းယားတိုင်းစား 🙂
တစ်ရက်ရက်တော့ အစာနင်သေမှာမြင်ယောင်သေး🙂

ကြက်ကိုစိတ်တိုလို့ စားပွဲကို လက်နဲ့ ပုတ်လိုက်ပါတယ်။

အုန်း!!!

"ဟဲ့  ဘာဖြစ်နေတာလဲ"
လို့ ချယ်ယောင်းကမေးတယ်။

မမေးနဲ့။
ဒီမှာ ဖြေဖို့အားမရှိဘူး😔
ဒီမျက်နှာလေးသာ လာကြည့်ကြတော့ ။
ဟော့ဒီမှာ ဘယ်လောက်တောင် လွမ်းနာကျနေလဲ။😞

Aunty NiNiWhere stories live. Discover now