[16]

6.2K 546 103
                                    

[Zawgyi]

ဘန်ဘန် စာကြည့်တိုက်မှာ အေးအေးဆေးဆေး
စာလုပ်နေတယ်။   Assignmentတွေကလည်း
များတာကိုး။  ဟိုအတွဲကတော့ ဘန်ဘန့်ဘေးမှာ ထိုင်ပြီး ချစ်ကြည်နူး တစ်တီတူးနေကြလေရဲ့။ သူတို့နှစ်ယောက်ရဲ့
စကားပြောသံက တဖြည်းဖြည်းကျယ်လာလို့ စာကြည့်တိုက်မှူးကလှမ်းဟောက်လိုက်တယ်။  အေးရော 😌။

ခဏနေတော့ သူတို့က အရင်ပြန်နှင့်မယ်တဲ့။
ချယ်ယောင်းကလည်း သူ့မိဘက လာတွေ့မှာဆိုတော့
ပြန်မှဖြစ်မှာ။  ဘန်ဘန်လည်း ဒီတိုင်းပဲ ခေါင်းငြိမ့်ပြလိုက်တယ်။  ဘန်ဘန်ကတော့ ပြန်လို့မရသေးဘူး။
စာတွေလုပ်ရဦးမယ်။

စာတွေလုပ်နေရင်း လုပ်နေရင်းနဲ့  စိတ်အာရုံက လွင့်သွားတယ်။ ကြက်ကလေး နေမှကောင်းရဲ့လားလို့။ ရောင်းလိုက်တာ အမေမသိသေးဘူး။ သိရင်ဘယ်လိုတွေ
အကောခံရဦးမယ်မသိဘူး။😞 ရှောင်လင်သိုင်းကွက်တွေ ပြန်ကျင့်ထားမှ ဖြစ်မယ်။ မဟုတ်ရင် ကိုရီးယားထိလိုက်လာပြီး .......ဝါးခြမ်းပြားသိုင်းတို့ တံမြက်စည်းသိုင်းတို့ ...အမေတတ်တဲ့ သိုင်းပေါင်းစုံတွေ ဘန်ဘန့်မျက်လုံးထဲ မြင်လာတယ်။ ငိုချင်လာပြီ 😢ဒုက္ခပါပဲ။😞

မိနစ်၃၀လောက်အထိ  စာလုပ်ပြီးတော့ လူကညောင်းပြီး အီလာတယ်။ အခုမှ ပတ်ဝန်းကျင်ကို သတိထားမိတယ်။ မိုးတွေအတော်ရွာနေတာပါလား။ ချယ်ယောင်းတို့ အရင်ပြန်သွားတာ သိပ်ကောင်းတာပဲ။ ဘန်ဘန်မှာတော့
မိုးမိတော့မယ်😢။   စက်ဘီးနဲ့ဆိုပေမဲ့ ၁၅မိနစ်လောက်နင်းရမှာ။ ၁၅မိနစ်အတွင်းမှာ မိုးကအကြီးအကျယ်မိနိုင်ချေရှိတယ်။  မိုးကာရော ထီးရော ဘာမှကိုပါမလာဘူး။ ခါတိုင်းဦးထုပ်လေးထည့်လာနေကျ။ ဒီနေ့မှ မိုးအုံ့လို့စတိုင်လ်လုပ်ချင်တာနဲ့ ဦးထုပ်တောင် ထည့်မလာမိဘူး။
အေးရော☹️။

🔸🔸🔸🔸🔸🔸🔸

ဒါက Cow Headကြီး
ဒါနွားနို့ကြီးပဲ။

Stonyfield Organic
ဒါလည်းနွားနို့ကြီး

SideHill Farm
ဟွန်...ဒါလည်း နွားနို့တွေ ..

ဟယ် Clover တဲ့ 
ဟင်..နွားပုံကြီးနဲ့ နွားနို့ကြီး

ကျွန်မ လိုချင်တာ ဆိတ်နို့လေ ...ဆိတ်နို့...။

Aunty NiNiWhere stories live. Discover now