Uni
"ဘယ်လို?
ဟျောင့် ငါကဘာကိစ္စသူ့ကိုမွေးစားရမှာလဲ။
သူ့ကိုကားနဲ့တိုက်မိတာမင်းလေ။
ငါမှမဟုတ်တာ။""အေးပါကွာ။အေးပါ။
ခဏလောက်ငါပြောတာနားထောင်ပေးပါ။"
တေဇကခေါင်းကိုတဗျင်းဗျင်းကုတ်ရင်း
တောင်းပန်ရှာသည်။"မင်းသိတဲ့အတိုင်းပဲကွာ။
ငါ့မှာမိန်းမနဲ့ကလေးနဲ့။အဆိုးဆုံးကကွာ။
ငါကယောက္ခမအိမ်မှာနေရတာကွ။
မင်းကျတော့တစ်ကိုယ်တော်မဟုတ်လား။
အဲ့တော့...."တေဇကဟီးခနဲရီပြပြီးမှစကားကိုပြန်ဆက်သည်။
"အဲတော့ငါဆ်ိုလိုချင်တာကကွာ
ငါတာ၀န်မယူချင်တာမဟုတ်ဘူးဟ။
မဖြစ်မနေမို့ပါကွာ။အဲတော့
မင်းဒီကလေးကိုမွေးစားပေးပါကွာ။
ငါစရိတ်တာ၀န်ယူပါ့မယ်""နေပါဦးကွာ။အဲ့ကလေးကတကယ်ပဲမိဘမရှိ
တာလား။""အေးကွ။ငါရဲစခန်းလဲသွားတိုင်တာပဲ။
စုံလဲစုံစမ်းထားတယ်။ဘာမှမသိရဘူးကွ။
အဓိက ကကွာ။
ကလေးကလုံး၀မမှတ်မိဘူး။
အတိတ်မေ့တာထင်တာပဲကွာ။နာမည်က
လွဲရင်ကျန်တာဘာမေးမေးမဖြေဘူး။""အတိတ်မေ့တာမဟုတ်ဘဲမပြောချင်တာ
များလား။ဟိုကွာအိမ်နဲ့ပြသနာရှိနေတာမျိုး""အဲတာတော့မသိဘူး။၁၁နှစ်အရွယ်လေးကအိမ်နဲ့အဲ့လောက်ထိခံစားရနိုင်လို့လား
ငါ့စိတ်ထင်မမှတ်မိတာနေမှာ။
သနားပါတယ်ကွာ""အင်း။ငါလဲသနားပါတယ်ကွာ။
ဒါပေမဲ့ကလေးမွေးစားဖို့ဆိုတာလွယ်မှမ
လွယ်ပဲ။ပြီးတော့...
ပြီးတော့....အဲလိုဆိုငါမိန်းမယူဖို့ကဘယ်လို
လုပ်မလဲ"နှောင်းည စကားကိုတေဇကခွီးခနဲရယ်လေ
သည်။"ဟျောင့် အဲ့စကားကိုရည်းစားရှိမှပြောစမ်း။
တကတည်း ကြိုက်မဲ့သူလဲမရှိပဲနဲ့။""ဟာ...မင်းကလည်း "
နှောင်းည မျက်နှာကြီးမဲသွားလေသည်။
YOU ARE READING
Sunshine(Completed)