Uni
ခါတိုင်းနေ့တွေလိုပဲအမှောင်ကခပ်မြန်မြန်ကြီး
စိုးလာပြန်သည်။အမှောင်ကိုအံတုပြီးနှောင်း
ညတစ်ယောက်အိမ်ကိုခပ်သွက်သွက်ပြန်နေ
ရသည်။ခြေလှမ်းတွေကအနဲငယ်တယိမ်း
တယိုင်ဖြစ်နေပေမဲ့သတိကတော့ရှိနေသေး
သည်။သူမမူးသေးပါ။ဘေးကကားအနက်တစ်စီးကဝူးခနဲဖြတ်သွား
သည်။ဒီပတ်ဝန်းကျင်မှာအဲ့လိုကားမျိုးမရှိပါ။
တခြားအိမ်ကဧည့်သည်ဖြစ်မည်။သူစဉ်းစားရင်းကိုယ်ကိုဟန်ချက်မထိန်းနိုင်ဘဲ
လဲကျသွားသည်။
မိုးတွင်းမို့ရွှံ ့ရေနှင့့်မျက်နှာမိတ်ဆက်မှာမြင်
ယောင်သေးသည်။သို့ပေမဲ့ရုတ်တရက်သူ့ခါးကိုလှမ်းဆွဲသည့်အထိအတွေ့ကိုခံစားလိုက်ရသည်။အချိန်ခဏ
လေးမှာပင်သူ့ကိုထိုလူကရင်ခွင်ထဲအတင်း
ဆွဲသွင်းကာတင်းတင်းကြပ်ကြပ်ဖက်ထား
သည်။အမျိုးအမည်မသိသောရေမွှေးနံ့ကသင်း
လျှက်။ထိုလူကဤမျှပင်အားမရနိုင်သေးဘဲ
သူ့ခေါင်းကဆံပင်တွေကိုမျက်နှာအပ်ပြီးအား
ပါးတရနမ်းရှိုက်နေသဖြင့်နှောင်းညအမူးပင်
ပြေချင်သလိုဖြစ်သွားသည်။ဒီလူသူ့ရီးစားနဲ့ငါနဲ့များမှားနေလားမသိဘူး။
အတင်းမော့ကြည့်ပြန်တော့ထိုသူကသူ့ထက်
အဆများစွာအရပ်ရှည်သည့်အပြင်မှိန်ပျသော
လမ်းမီးရောင်ကြောင့်သဲသဲကွဲကွဲမမြင်ရချေ။"ဟိတ်လူ။ခင်ဗျားလူမှားနေပီ။ကျတော်က
ယောကျ်ားလေးဗျ”သူခပ်ကျယ်ကျယ်ပြောသည့်တိုင်တစ်ဖက်က
မလှုပ်မယှက်။
ခဏလောက်ကြာတော့မှထိုလူ့ထံမှအသံထွက်
လာလေသည်။"ပါး”
ဟင်!
နှောင်းညတစ်ကိုယ်လုံးတောင့်တင်းသွား
သည်။ဒါ....ဒါshineရဲ့အသံမလား။"Shine မင်း.... မင်းလား”
နှောင်းည၏အသံကတုန်ယင်နေသည်။
"ခဏလေး။ပါး။ကျတော်အားရအောင်ဖက်ချင်
သေးလို့”တစ်ဖက်လူကပြောပြီးပြီးချင်းသူ့ကိုနောက်
တစ်ခေါက်တင်းကြပ်စွာဖက်ထားသည်။
သူပျောက်သွားမှာစိုးသည့်အလားတင်းတင်း
ကြပ်ကြပ်....
ESTÁS LEYENDO
Sunshine(Completed)