Sunshine_9

2.2K 269 21
                                    

Uni

နှောင်းညသူ့ရှေ့ရှိဖန်ခွက်ကိုကြည့်ရင်းတံ
တွေးမျိုချလိုက်သည်။
ကိုနိုင့်ကိုမော့ကြည့်တော့ထိုသူကသောက်
လေဟူသောအဓိပ္ပါယ်ဖြင့်မေးကိုဆတ်ပြ
သည်။

"ကျတော်အရမ်းမူးသွားရင်ရော"

"တစ်ခွက်ထဲပဲနှောင်းညရာ။မင်းမူးသွားရင်
တောင်ငါအိမ်ပြန်ပို့ပေးမယ်။ချသာချ"

နှောင်းညအရက်သောက်မည်ဆိုခြင်းကြောင့်
မိန်းမကိုတစ်ပတ်ပတ်ကာရောက်လာသော
တေဇကဝင်ပြောသည်။

"အင်းပါကွာ။အာ့ဆိုသောက်လိုက်မယ်နော်"

"ချကွာ"

နှောင်းညကခွက်လက်ကိုင်ကိုခပ်တင်းတင်း
ဆုပ်ကာတစ်ကျိုက်မော့သည်။
အားလားလား.....
ခါးသက်ပြင်းထန်သောခံစားချက်ကလည်
ချောင်းတလျောက်ဆင်းသွားသည်။

နှောင်းညခံရခက်စွာရှုံ့မဲ့သွားကာချောင်း
တွေပါဆိုးလေသည်။

"ငနှောင်းတစ်ခွက်တော့ကုန်အောင်ချကွာ
မဟုတ်ရင်ကိုနိုင့်ကိုအားနာစရာကြီး"

နှောင်းညသိပါသည်။ရင်ထဲကအပူကိုသတိမထားမိစေရန်အလို့ငှါသူမူးနေဖို့လိုသည်။
ညအမှောင်ကိုမကြောက်ဖို့အတွက်သူဒါကို
သောက်ရမည်။

ပြီးတော့.....
ပြီးတော့shineကိုမေ့ဖို့သူသောက်မှဖြစ်မည်
လေ...

ခေါင်းကိုတဆတ်ဆတ်ညိမ့်ကာကျန်နေသည့်
အရည်များကိုတဆက်တည်းသောက်နေတာ
မို့ဘေးကနှစ်ယောက်မျက်လုံးတွေပြူးသွား
သည်။
တစ်ယောက်နဲ့တစ်ယောက်မျက်လုံးချင်းဆုံ
ပြီးခေါင်းခါမိကြသည်။

တွေးမိတဲ့အတွေးကတစ်ခုတည်း....
ဒီကောင်တော်တော်ဖြစ်နေပြီ...

ရက်တွေ၊လတွေ၊နှစ်တွေ....
ဒီလိုပဲပြောင်းလဲလာခဲ့ပြီ။
နှောင်းညကတော့အိပ်ပျော်နိုင်ဖို့အတွက်အ
ရက်ကိုတစ်နေ့တစ်ခွက်သောက်နေရဆဲပဲ။

အိပ်မက်ထဲမှာshineကိုမသွားဖို့အတွက်
တောင်းပန်နေဆဲပဲ။
မနက်စာမစားပဲအလုပ်သွားနေဆဲပဲ။
အချိန်တိုင်းနီးပါးshineကိုသတိရနေဆဲပဲ။

ဘာတဲ့....
အချိန်ကကုစားမတဲ့....
အဟက်..
ရယ်စရာတွေ...

၇နှစ်...၇နှစ်တောင်ရှိပြီလေ။
ငါက_ီးမလို့အသစ်အတိုင်းခံစားနေရတာလား။
နှောင်းညသူ့ကိုယ်သူနားမလည်နိုင်တော့။
ဒါရိုးရိုးသားသားမဟုတ်တော့ဘူးဆိုတာသူ
သိနေသည်။

Sunshine(Completed)Where stories live. Discover now