Sunshine_12

2.5K 263 9
                                        

Uni

"ပါး "

Shine ရဲ့အော်သံကြောင့်နှောင်းညဖန်ခွက်
ကိုကိုင်ထားသည့်လက်ကတစ်ချက်တုန်သွား
သည်။

"သောက်မလို့လား”

ခပ်စိမ်းစိမ်းအကြည့်တွေနဲ့မေးလာတဲ့shine
ကြောင့်သူလက်ထဲကအရက်ခွက်ကိုပြန်ကြည့်
မိသည်။
သူလဲမသောက်ချင်ပါ။
Shineရဲ့ရှေ့မှာဒီလိုမူးနေတဲ့ပုံမျိုးထပ်မပြ
ချင်တော့။

"စွဲနေပြီလား ပါး”

နှောင်းညကမဖြေဘဲခေါင်းငုံ့ထားတော့
့shineကသက်ပြင်းရှိုက်သည်။

"ဒီနေ့တော့ထားလိုက်တော့။
မနက်ဖြန်အထုပ်ပြင်။ဆေးရုံတက်ပြီးဖြတ်
မယ်”

"Shine....ငါ”

"ဖြတ်မှရမယ်ပါး။မဟုတ်ရင်မြန်မြန်သေလိမ့်
မယ်။ပါးသေလို့မရဘူး”

နှောင်းညကဆေးရုံတက်စရာမလိုဘူးလို့
ပြောချင်ပေမဲ့shineရဲ့so serious ဖြစ်နေ
တဲ့အမူအရာတွေကိုကြည့်ပြီးပါးစပ်ပိတ်ရ
သည်။

သူတကယ်လဲဆေးရုံတက်ရပါသည်။
Shineကတော့ဒီဆေးရုံမှာHouseဆင်းရုံ
ဖြစ်တာမို့သူ့ကိုတာဝန်မယူနိုင်ပါပေ။
ဒါပေမဲ့အချိန်ရရင်ရသလိုသူ့နားကပ်နေတာ
ကြောင့်အားမငယ်ရပါ။

နှောင်းညဆေးရုံတက်သည်ဆိုတာကြား
တာနဲ့တေဇရောကိုနိုင်ရောပါသတင်းလာ
မေးရှာသည်။
ကိုနိုင်ကလဲခွင့်တွေတလဟောပေးလို့။
သူ့ကြောင့်အရက်စွဲတယ်ဆိုပြီးစိတ်မကောင်း
တာဖြစ်မည်။

ကိုနိုင့်ညီမလေးလဲလာရှာပါသည်။
သူမ ကတော့အရက်ဖြတ်မလို့ဆိုတာနဲ့
တော်တော်ပျော်သွားပုံရသည်။

Shineကတော့အဲ့ကလေးမကိုသဘောကျ
ပုံမရ။တခြားနေရာရောက်နေတာတောင်
မီးဝင်းဝင်းတောက်နေသည့်မျက်လုံးဖြင့်
လှမ်းလှမ်းကြည့်တတ်သည်။

"ဟိုအရက်ဖြတ်ဖို့လာတဲ့ကောင်လေးလေ
နှလုံးတွေတုန်နေလို့၊ဂယောင်ခြောက်ခြား
တွေလဲပြောနေသေးတာ”

"Awwတနေ့ကမှရောက်တဲ့ကောင်လေးမလား။သနားပါတယ်ဟယ်”

"အေးလေ”

Shineခေါင်းတွေပူထူသွားသည်။
ပါးကိုပြောနေတာမလား။
သူအဆင်မှပြေပါ့မလား။

Sunshine(Completed)Wo Geschichten leben. Entdecke jetzt