Sunshine_7

2.3K 258 17
                                        

Uni

နှောင်းညကစားပွဲရှေ့မှာထိုင်နေရင်းစိတ်လှုပ်ရှားနေမိသည်။သူ့သားကိုခိုးတယ်ဆိုတာဘာကိုပြောတာလဲ.....

"နှောင်းည"

နှောင်းညနဲ့ယမုံဖူးတို့တစ်ယောက်ကိုတစ်
ယောက်မိနစ်ပိုင်းလောက်ကြည့်နေမိသည်။

မုန်းပါသည်....
မမကိုသေစေခဲ့သောဒီမိန်းမကိုနှောင်းညမုန်းသည်။
မနှစ်မျို့သောစိတ်ကိုထိန်းကာမျက်နှာလွှဲရ
သည်။စိတ်ထဲမှာဘာကြောင့်မှန်းမသိခပ်လေး
လေးခံစားနေရဆဲ။

အစကနှောင်းညဆိုတာမိဘမရှိပေမဲ့၆နှစ်ကွာ
တဲ့အမအရင်းကစောင့်ရှောက်ပေးခဲ့လို့မေတ္တာ
မငတ်ခဲ့ရပါ။

အဲ့ကတည်းကနှောင်းညသူ့အမကိုသိပ်ချစ်ခဲ့
သည်......

အဲဒီနေ့....
သူ၁၈နှစ်ပြည့်မွေးနေ့မှာယမုံဖူးဆိုသည့်မိန်းမ
အိမ်ကိုရောက်လာခဲ့သည်။
ပြီးတော့မမယူထားသည့်ယောကျ်ားမှာသူ့
ယောကျ်ားဖြစ်ကြောင်း....
မမကသူ့လင်ကိုခိုးခဲ့ကြောင်းတွေကိုလူတွေ
ရှေ့မှာပြောသွားခဲ့သည်...

အရှက်ကြီးတဲ့မမခမျာသူမစကားတွေကြောင့်
သတ်သေသွားခဲ့တာသူ့ရှေ့လေးတင်

တကယ်ကမမမှမသိခဲ့တာ....
သူ့ယောကျ်ားဆိုတာမမတကယ်မသိခဲ့လ့ိုပါ။

အမှန်ဆိုလိမ်ညာပြီးလက်ထပ်တဲ့အဲ့ကောင်ရဲ့
အမှားမလား...
ဘာလို့...ဘာလို့မမကသေခဲ့ရတာလဲ

"ငါ့သားကိုပြန်ပေးပါ"

သူမ စကားကြောင့်အတွေးစတွေပြတ်သွား
ရသည်။

"ခင်ဗျားသားကိုကျတော်မသိသလို
ခိုးလဲမခိုးတာကြောင့် သွားခွင့်ပြုပါအုံး"

"နေရောင်ခြည်ကငါ့သား"

နှောင်းညလှမ်းလက်စခြေလှမ်းတွေရပ်သွား
သည်။ဒီမိန်းမကဘာလဲ။
Shineရဲ့နာမည်ကိုစုံစမ်းပြီးလုယူဖို့စဉ်းစား
နေတာလား။
သူကတော့လုံးဝမယုံပါ။

တေဇကားနဲ့တိုက်ပြီးခေါ်လာတဲ့ကလေးက
သူမကလေး?
ဟား...ပုံပြင်မို့လားအဲ့လောက်တိုက်ဆိုင်ရ
အောင်....

"ကျတော်ဘာများလုပ်မိလို့လဲဒေါ်ယမုံဖူး
ရယ်။မမကိုမုန်းတာဆိုရင်တောင်သူကသေ
ပီဗျ။မကျေနပ်သေးတာလားဟမ်?မကျေနပ်
သေးလို့ထပ်ပြီးဒုက္ခပေးချင်တာလား။"

Sunshine(Completed)Donde viven las historias. Descúbrelo ahora