Uni
တည်းခိုခန်းမှာအခန်းငှါးပြီးရေမိုးချိူးကာဘု
ရားပေါ်တက်လာခဲ့သည်။
Decemberမို့ထင်၏။
တစ်နိုင်ငံလုံးသာမကအခြားနိုင်ငံများကပါ
လာရောက်လည်ပတ်ကြသဖြင့်လူအတော်
များနေခဲ့သည်။နှောင်းညလဲshineလက်ကိုတွဲကာဘုရားပေါ်
တက်ခဲ့သည်။
ဆံတော်ရှင်စေတီတော်မြတ်ကိုရှိခိုးပြီးတဲ့
နောက်သူ့မိသားစုတွေကောင်းရာမွန်ရာ
ရောက်ကြောင်းဆုတောင်းမိပြန်သည်။ဆည်းလည်းသံတချွင်ချွင်ကပျံ့လွင့်လာ၏။
ခေါင်းလောင်းသံလေးတွေနဲ့ဤနေရာသည်
သာယာအေးချမ်းနေလေသည်။
တောင်ထိပ်ကိုပတ်ကာ ကာရံထားသောစ
တီးလက်ရန်းနားကိုသူတိုးကပ်သွားမိသည်။အရှေ့ကမြင်ကွင်းကသူ့အားဆီးကြိုနေလေ
သည်။ကြီးမားလှပါသောတောင်တန်းကြီး
တွေ၊အစိမ်းရောင်သစ်ပင်တွေ၊ဟိုး...အဝေး
တောင်ထိပ်ပေါ်ကမြင်ရတဲ့စေတီတွေ....တောင်ထွဋ်ရှိတိုင်းစေတီတည်သည့်ဓလေ့
သည်မြန်မာတွင်ရှိခဲ့သည်။
တောင်တိုင်းမှာသာမဟုတ်မြစ်ကမ်းနားမှာပါ
စေတီတည်လေ့ရှိကြသည်။
အလွန်ချစ်စရာကောင်းသောဓလေ့ပါပေ။သစ်ပင်ကြီးများကဖုံးနေသဖြင့်တောင်ကြီး
များမှာမြေသားကိုပင်မမြင်ရချေ။
နောင်.....နှစ်တွေကြာလာသည့်အခါထိုသစ်
တောအုပ်လေးပျောက်ကွယ်သွားမှာနှောင်း
ညစိုးရိမ်မိသည်။တောင်ပေါ်လေကစိတ်ကိုလန်းဆန်းစေ
သည်။လွတ်လပ်မှုကိုခံစားရင်းဘေးမှshine
ကိုငဲ့ကြည့်မိသည်။
Shineကလဲသူ့ကိုငဲ့အကြည့်နဲ့တိုးကာမျက်
လုံးချင်းဆုံသွားကြသည်။''Shineရဲ့မျက်လုံးထဲမှာသူမမြင်နိုင်တဲ့တစ်ခု
ခုရှိနေသည်ဟုခံစားမိလိုက်သည်။
အင်း။တကယ်ကိုဒီကလေးရဲ့မျက်လုံးတွေ
ကအဖေတစ်ယောက်ကိုကြည့်တာနဲ့မတူဘူး
ိ လို့သူခံစားနေရတယ်။ဘာပဲဖြစ်ဖြစ်သူစိတ်ဝင်စားတာအဲတာမဟုတ်
ချေ။ချောမောနေတဲ့shineရဲ့မျက်နှာဖြစ်
သည်။သူကိုယ်တိုင်မသိလိုက်ခင်မှာပင်
သူနဲ့shineရဲ့ကြားမှာသိပ်မဝေးတော့ချေ။
လက်ဝါးလေးနဲ့shine၏မျက်နှာကိုဖွဖွပွတ်
ကာမနေနိုင်ပဲပြောမိပြန်သည်။
ESTÁS LEYENDO
Sunshine(Completed)