Sunshine-3

3K 331 48
                                        

Uni

နေရောင်ကပြတင်းပေါက်မှတစ်ဆင့်အိပ်မော
ကျနေသောနှောင်းည၏ခန္တာကိုယ်ပေါ်သို့
ကျရောက်လာလေသည်။
နှောင်းညကားသူများကဲ့သို့နေရောင်ကြောင့်
နိုးမည်ကိုအသာထားဆင်နင်းရင်တောင်
မနိုးသည့်စွမ်းရည်ကိုပိုင်ဆိုင်ထားသဖြင့်
အိပ်မောကျဆဲပင်ရှိသေးသည်။

ရုတ်တရက်တစ်ခုခုကိုခံစားမိတာကြောင့်
နှောင်းညနိုးလာရသည်။
မျက်လုံးဖွင့်ပြီးသူနိုးကြောင်းအတည်မပြုခင်
လေးမှာပင်သူခံစားမိတာကစိုက်ကြည့်ခံရ
သည့်ခံစားချက်ပင်။

မျက်လုံးကိုတစ်ဝက်လောက်ဖွင့်ရင်းအားစိုက်
ကြည့်လိုက်တော့သူ့အားစိုက်ကြည့်နေသည့်
shine၏မျက်နှာအားတွေ့လိုက်ရလေသည်။

"အား.....မင်းအခုဒါဘာလုပ်နေတာလဲ။
ငါအိပ်နေတယ်လေကွာ"

Shineကားသူ့မျက်နှာသေနှင့်ပင်နာရီငုံ့
ကြည့်ကာ....

"၈နာရီရှိပြီပါး"

ဆိုတော့ဒါကအသံမထွက်ပဲအိပ်ရာနှိုးနည်း
ပေါ့။အမလေးပြောင်မြောက်ချက်။

နှောင်းညလဲဘာမှမတတ်နိုင်ဘဲအိပ်ရာမှ
ထကာရေစည်နားပြေး၍မျက်နှာသစ်ရလေ
သည်။သွားတိုက်ဖို့ကြည့်လိုက်တော့သွား
ပွတ်တံမှာသွားတိုက်ဆေးကအဆင်သင့်ပင်။

နှောင်းညမစဉ်းစားပဲမနေနိုင်ဖြစ်သွားသည်။
သူ့မိသားစုတွေဆုံးသွားကတည်းကသူ
ဒီမှာတစ်ယောက်ထဲနေခဲ့ရသည်။
ဒီတစ်အိမ်လုံးမှာအသက်ရှိတာဆိုလို့သူတစ်
ယောက်ထဲရှိသည့်အခြေအနေနှင့်ကြုံခဲ့ရ
သည်။

ဒါကြောင့်သူကအထီးကျန်ခြင်းကိုကောင်း
ကောင်းသိလေသည်။
တစ်ခါတစ်လေဆိုးရွားတာမျိုးလဲကြုံခဲ့ရ
သည်။နေမကောင်းတာတောင်ပြုစုမဲ့သူမရှိ
တာမျိုး။

အရမ်းပင်ပန်းချိန်မှာတောင်အိမ်အလုပ်တွေ
ဆက်တိုက်လုပ်နေရတာမျိုး။အချိန်ကြာလာ
တော့သူဖြစ်သလိုနေသည့်အကျင့်ရလာခဲ့
သည်။နေမကောင်းရင်ထိုးအိပ်တာမျိုး။

ဗိုက်ဆာပေမဲ့ချက်ဖို့အားမရှိတဲ့အခါရေ
သောက်တာမျိုးတွေ။
နေမကောင်းလို့ဂရုစိုက်မဲ့သူမရှိ။
မိုးမိလို့ဆေးတိုက်မဲ့သူမရှိ။
ရေချိုးတာကြာရင်ဆူမဲ့သူမရှိသည့်ဘဝမှာ
သူနေခဲ့ရသည်။

Sunshine(Completed)Où les histoires vivent. Découvrez maintenant