Sunshine_Extra part

2.9K 245 49
                                    

Uni

နှောင်းညကအိမ်ရှေ့ရှိခုံလေးတစ်ခုမှာအေး
အေးလူလူထိုင်နေလေသည်။
Shineကသူနဲ့လက်ထပ်ပါ့မယ်လို့ကတိပေး
မှအိမ်ကိုပြန်ခေါ်လာတယ်လေ....ဟွန်း။

မနက်ကလဲချောကလက်လေး၅ခုစားမိတာကို
ချောင်းဆိုးမယ်လေးဘာလေးနဲ့။အပြစ်ပေး
တာဆိုပြီးအသက်ရှူကြပ်အောင်နမ်းသွား
သေးတယ်။ခုတော့.....
ချောကလက်တွေကိုလဲဖွက်ထားတယ်။
ရှာတာလဲနှံ့နေပြီ။မတွေ့နိုင်ဘူး။

အာ့ကြောင့်တွေ့တဲ့နို့ဆီချောင်းလေးပဲစားနေရတာ.....ငါလေးသနားစရာပါလား
အိမ်ရှေ့ကကားသံကြားတာနဲ့နို့ဆီချောင်းကို
ထိုင်ခုံပေါ်ချပြီးပေါင်နဲ့ကွယ်ထားလိုက်သည်။
မတော်လို့အဲ့ကောင်လေးကထပ်အပြစ်ပေးမှ
သူအဟွာကျိမ်းနေမှာ

"ပါး....ဘာတွေတွေးနေတာလဲဒီမှာထိုင်ပြီး
တော့"

Shineကပြောရုံတင်မ,ကဘဲဆံပင်တွေကိုပါ
လာဖွသဖြင့်နှောင်းညခမျာသူ့ဆံပင်တွေကိုအသဲအသန်ကာကွယ်လိုက်ရလေသည်။

"မင်းအကြောင်းတွေးနေတာ"
မင်းငါ့ကိုချောကလက်မကျွေးတဲ့အကြောင်း
တွေးနေတာဟေ့...

"ပါးကိုချစ်လိုက်တာ......"

"နေပါဦးshine, မင်းငါ့ကိုအဲ့စကားပြောတာ
ဒီနေ့တင်၂၅ခေါက်ရှိပြီ။နားကိုမလည်နိုင်ဘူး"

"ဘာကိုနားမလည်တာလဲပြော။ကိုယ်ရှင်းပြ
မှာပေါ့"

နှောင်းညရဲ့မျက်နှာကအလေးအနက်ပုံစံ
ပြောင်းသွားသည်။သူကshineနဲ့မျက်နှာ
ချင်းဆိုင်ထိုင်လိုက်ကာ

"မင်း ငါ့ကိုဘာလို့ချစ်တာလဲ"

"ပါးရောကျတော့်ကိုဘာလို့ချစ်တာလဲ"

"ငါမင်းကိုချစ်တယ်လို့ပြောရသေးလို့လား"

နှောင်းညကအော်တော့shineက ရယ်သည်။

"ပြောရမှာအရှည်ကြီးပဲ ပါးရဲ့"

"ဟင့်အင်း။နားထောင်ချင်တယ်"

နှောင်းညကချောကလက်မစားရသည့်မကျေ
နပ်ချက်နဲ့ပေါင်းပြီးရစ်သည်။

"အင်းပါကွာ။ကိုယ်ပြောပြမှာပေါ့။
အင်း။ပြောရရင်အရှည်ကြီးကွ။
ကိုယ်ကားတိုက်ခံရတာကစ,ပြောမယ်။

Sunshine(Completed)Where stories live. Discover now