[Uni]
"ဂျွန်း...ဂျောင်...ကု...."
"ဗျာ..... ဗျာ လာပြီ ဌာနမှူး"
ဂျွန်းဂျောင်ကုရေ ဒီနေ့ကတော့ ပြသာဒါးပဲဟ"မင်းလုပ်ခဲ့တာ မင်းသိတယ်နော်"
ထိပ်က ဆံပင်ကမရှိတာကို ဆီတွေ ရွှဲနေအောင်လူး
ရှပ်အင်္ကျီအဖြူပေါ်က ကြယ်သီးက သူ့ဗိုက်ပူပူတွေကြား သနားဖို့ကောင်းအောင် မနည်းတွယ်တပ်ထားရတဲ့အပြင်
style pant အမည်းက ရှည်နေတာကို မသိမသာလေးခေါက်ဝတ်ထားပြီး
ဒေါသထွက်ပြီဟေ့ဆိုရင် နီရဲလာတဲ့ ခရမ်းချဉ်သီးမျက်နှာကို သူသည်းခံလာရတာ ဘယ်နှနှစ်ရှိနေပြီလဲ"ငါမေးနေတာ မကြားဘူးလား ငါ့ကို ဘယ်အချိန်ထိစိုက်ကြည့်နေမှာလဲ"
"ဗျာ.."
ခုံပေါ်ကို အမှုတွဲဖိုင်ကြီး ပစ်ချသံကြားမှ အယောင်ယောင်အမှားမှားနဲ့ ပြန်ထူးမိတော့သည်
"မင်းဘာလုပ်ခဲ့လဲ မင်းသိလားလို့မေးနေတာ"
"မနက်က ရောက်ရောက်ချင်း မနေနိုင်လို့ အိမ်သာလေးပဲသွားတက်မိတာပါ ဆရာ
ကျွန်တော်ဘာလုပ်မိလို့လဲ""မင်းအိမ်သာတက်တာကို ဘယ်သူမှ အရေးတယူလုပ်ပြီးပြောမနေဘူး မင်းဟာမင်း ချီးပါပါ သေးပေါက်ပေါက် ငါနဲ့မဆိုင်ဘူး"
သိပါတယ် ဆရာဘာကိုပြောချင်နေမှန်း ကိုယ့်ဟာကိုယ် ဝေ့လည်ကြောင်ပတ်လုပ်နေတာကို သူ့ကို ဆိုင်စေချင်တယ်များထင်နေတာလား ဒီခရမ်းချဉ်သီးက
ဒါက သူ့အတွေး ဒါကိုအပြင်မှာထုတ်ပြောလိုက်ရင် စုံစမ်းစစ်ဆေးရေးမှူးပေါက်စဘဝကနေ ချက်ချင်းလက်ငင်း စာရေးဘဝရောက်သွားမှာပေါ့"မနေ့ကပြီးသွားတဲ့ အမှု ဘာဖြစ်သွားတယ်ထင်လဲ"
"ကျွန်တော် နိုင်တယ်လေ"
"မင်းနိုင်တယ်ဆိုပေမယ့် တရားလိုမိန်းကလေး ဘယ်လောက်နစ်နာသွားလဲသိလား"
ဒီဘဲကြီးက ဘာဖြစ်ချင်နေတာလဲ အမှုနိုင်တော့လဲ နိုင်လို့ ရှူံးတော့လဲ ရှုံးလို့နဲ့
သည်းခံစမ်း ဂျွန်းဂျောင်ကု သည်းခံစမ်း