ရိပေါ် လျိုရန်အသက်မဲ့သွားသောခန္ဓာအရှေ့၌ရပ်ကြည့်နေမိ သူမှာခုဘာမှမရှိတော့ဘူး
သားတော်လေဘဲရှိတော့တာ သားတော်လေကိုမင်းကောင်းမင်းမြတ်တပါးဖြစ်အောင်ပြုစုစောင့်ရှောက်ရမည်
ရိပေါ်စိတ်ထဲ၌တွေးမိထိုနောက်ဆုံးဖြတ်ချက်တခုချလိုက်လေသည်
အရှေ့နန်းဆောင်ရှေ့တွင်
လက်ထောက်စစ်သူကြီး နှင့် စစ်သည်တော်များ
အဆောင်ရှေ့တွေအသင့်အနေထားဖြစ်ရပ်လျက်
ထိုနောက်အရှေ့နန်းဆောင် တံခါးပွင့်သွားသည်နှင့် ထွက်လာသောရိပေါ်သည် လက်ထဲ၌ကျောက်စိမ်းတံဆိတ်တုံးအားကိုင်ဆောင်လျက်
လက်ထောက်စစ်သူကြီး နှင့်စစ်သည်တော်များသည် ကျောက်စိမ်းတံဆိတ်တုံးအားကိုင်ဆောင်ထားသော ရိပေါ်ကိုတွေ့သည်နှင့် မျက်လုံးများပြူးကျယ်သွား ထိုနောက်တပြိုင်ထဲဦးညွတ်လိုက်ကြလေသည်"မင်းကြီး သက်တော်ထောင်သောင်းမကရှည်ပါစေ "
အားလုံးဒူးထောက်ဦးညွတ်လိုက်ပြီး သူတို့၏အနာဂတ်ဘုရင်လောင်းအတွက်
ဆုတောင်းစကားဆ်ုလိုက်လေသည်
ရိပေါ်ကို စိတ်မချသည်နှင့် ပြန်လှည့်လာသော
ဝမ်နင်းထိုအချင်းရာကိုကြည့်ပြီး အံသြလျက်
ရိပေါ်ကိုကြည့်မိတော့ လက်ထဲ၌ကျောက်စိမ်းတံဆိတ်တုံးအားတွေ့သွားတော့ သဘောပေါက်သွား ထိုနော်ရွှေရောင်နဂါးဝတ်ရုံတော်အားယူ
ရိပေါ်အပေါ်လွှမ်းခြုံပေးလိုက်လေသည် ရိပေါ်အကိုတော်ဝမ်နင်းအားတွေ့တော့ အံသြသွား
ဝမ်နင်းရင်ခွင်ထဲက သားတော်ကိုမြင်တော့အပြုံးလေပွေ့ချီလိုက် သားတော်သာမရှိရင်သူလဲ
ဒီနေရာမှာရှိလိမ့်မည်မဟုတ်
ရိပေါ်သားတော်လေကို ပွေ့ချီထားလျက်
စစ်သည်တော်တွေဘက်လှည့်လိုက်"ခုကစပြီး ရှောင်မျိုးနွယ်ဖြစ်တဲ့ သားတော်လေ ရှောင်ရှောင်ဝမ်ကို အိမ်ရှေ့စံရာထူးအပ်နှင်းပြီး
ကိုယ်ရံဝမ်နင်းကိုလဲ အိမ်ရှေ့စံရဲ့ကိုယ်ရံတော်ရာထူးပေးအပ်သည် "