ရိပေါ် ရင်ခွင်ထဲကအကိုတော်ကို ပွေ့ဖက်ထားလိုက် ရိပေါ်တို့နှင့် မနီးမဝေးလေမှ
အလင်းရောင်မြိန်မြိန်လေကြောင့်
ရိပေါ်အားတက်တရောအရောက်သွားမိသည်"အိမ်ရှင်တို့ ဒေါက်...ဒေါက်...အိမ်ရှင်တို့"
ရိပေါ်အဆက်မပြတ်တံခါးအားခေါက်မိတော့
့ ပွင့်လာသောတံခါးချပ်လေနှင့်အတူ အဘွားအိုတယောက်ထွက်လာလေသည်
ရိပေါ်ဒီလိုနေရာမှာ ဘယ်ကလူရှိမှန်းစဉ်းစားမနေတော့ဘဲ အကူညီတောင်းမိသည်
အိမ်ထဲဝငိသည်နှင့် မေ့မျောနေသောအကိုတော်အားကုတင်ပေါ်၌တင်လိုက်လေသည်"အဘွားအကိုတော်အား ကယ်တင်ပေးပါ "
ရိပေါ်အဘွားအိုကို အားကိုးတကြီးပြောမိလေသည်
အဘွားအိုကဘာမှမပြောဘဲ အရိပ်လေနဲအပြင်ထွက်စေတော့ ရိပေါ်အပြင်ထွက်လာလိုက်၍
အကိုတော်အတွက်စိုးရိမ်ပူပန်စွာ
ဆုတောင်းနေမိသည်"အူငဲ....အူငဲ...အူငဲ...."
တိတ်ဆိတ်နေသောအမှောင်ထုကြီးကြား ကျယ်လောင်စွာထွက်ပေါ်လာသော
ကလေးငိုသံကြောင့် ရိပေါ်အပြေးအလွှာဝင်သွားမိသည် အဘွားအိုသည် ခုမှဝမ်းထဲကထွက်လာသော...ကလေးသေးသေးလေအာ သန်ရှင်းပေးနေသည်
အဘွားအိုလက်ထဲ၌ကလေးလေးကတော့ သဘာဝအတိုင်း ငိုသံလေတွေနဲအတူ လောကကြီးရဲ့ လောကဓံတရားတွေကိုအံတုရင်ဆိုင်ဖို့ မွေးဖွားလာခဲ့လေသည်ကုတင်ပေါ်ကအကိုတော်ရဲ့ မျက်လုံးများလည်ဖြည်းညင်းစွာပွင့်လာတော့ ရိပေါ်အကိုတော်အနားသွားမိသည် လက်ကလေးအာဆုပ်ကိုင်
သွေးရောင်မရှိ ဖြူဖျော့နေသောနူတ်ခမ်းပါးလေတွေ စကားလုံးများ ထွက်ပေါ်လာဖို့ ခက်ခဲနေသလို ရိပေါ်အကိုတော်အာထူမ ရင်ခွင်ထဲပွေ့ဖက်ထားရင်..."အကိုတော် "
"အင်းးး ကလေးရော"
တိုးညင်းစွားထွက်လာသော အသံလေးကနေ
ကလေးအားမေးနေတာကြောင့်
အဘွားအိုသည်အနားရောက်လာ ကလေးလေအား အကိုတော်ရင်ခွင်ထဲထည့်ပေးလိုက်လေသည်