ရိပေါ်အကိုတော်ပြောတာတွေ ပြန်စဉ်းစာနေမိတယ် အကိုတော်ကအရှင်ကိုငယ်ငယ်ထဲက စောင့်ရှာက်လာတာ ...
သူတို့နှစ်ယောက်က အများမြင်မှာအကြင်လင်မယားဖြစ်ပေမဲ့ အကိုတော်က အရှင်အပေါ်ညီတယောက်လို့ဘဲ အရှင်ကလဲအကိုတယောက်လိုဘဲတဲ့ ရိပေါ်ကိုအရှင်ကမြင်မြင်ချစ်မိလို့ အကိုတော်ကရိပေါ်ကိုနန်းတွင်းခေါ်လာတာတဲ့
အရှင်အပေါ်ပွင့်ပွင့်လင်းလင်းဆက်ဆံလိုရတယ် အကိုတော်ပေါ်အားနာနေစရာမလိုဘူး အကိုတော်ဘဝမှာညီတော်ကအရေးကြီးဆုံးဘဲ ဒိလိုဘဲတိုင်းပြည်မိခင်နေရာခံယူထားပေမဲ့ အရှင်ဟာသူအတွက်ညီတော်တယောက်လိုဘဲ....ရိပေါ်ကရော အရှင်ပေါ်ဘယ်လိုခံစားရလဲ ဟင့်အင်း သူမသိဘူး ဒါပေမဲ့သူအရှင်ကိုတွေ့ရင်ရင်ခုန်တယ် တရက်မတွေ့ရရင်တမ်းတနေမိတယ် သူရဲ့ဂရုစိုက်မူတွေသူရဲ့အပြုံးလေတွေမှာပျော်မွေ့တယ်လို ခံစားရတယ် အရှင်သူအတွက် ပထမဆုံးခံစားချက်တွေဖြစ်ပေါ်တဲ့ သူပါ.....
"အရှင်မင်းကြီး လျောက်တင်စရာရှိပါတယိ"
"ဘာဖြစ်တာလဲ ဝမ်နင်း "
"မိဖုရားခေါင်းကြီး ပြန်ရောက်နေပြီ"
"ဘာ!! မယ်တော်ကြီးကဘယ်လိုလုပ်"
" ဟုတိပါတယ် အရှင်မင်းကြီး နန်းဆောင်ရောက်နေပြီလိုကြားတယ် "
"ကြင်ယာတော်ကိုသွားခေါ်လိုက်လေ မယ်တော်ကြီးအဆောင်သွားနှင့်မယ်"
"အမိနိ့အတိုင်းပါ"
ရှောင်ကျန့်စိတ်ထဲ လေးလံနေသည် ရှောင်မင်းကြီး နတ်ရွာစံပြီနောက် ဖိဖုရားခေါင်ကြီးသည် တရားကျင့်ကြံဖို့ထွက်ခွာသွားတာ ၁၀နှစ်တောင်ရှိပြီခုမှ ရုတ်တရက်ကြီးပြန်ရောက်လာတာ ဘာတွေကြံစည်ခဲ့ပြန်ပြီလဲ.....
မယ်တော်အဆောင်ရှေ့ရောက်တာနဲ အထိန်းတော်ကြီးအာ အကြောင်းကြားခိုင်းလိုက်သည်