ရှောင်ကျန့် ဒူးထောက်ထိုင်ချလိုက်တဲ့ အားစုနားသွား ဆွဲထူပေးလိုက်ရင်
"အဆင်ပြေရဲ့လား အားစု "
"အင်း.. ပြေပါတယ်အကိုရှန် "
ရိပေါ်မှာတော့လက်သီးစုတ်ကလေးများစုတ်လျက် ကြည့်နေမိ
"ဟို....ကျွန်မဝမ်ရိပေါ်နဲ့ စကားလေနဲနဲပြောချင်တယ်အကိုရှန် "
"ဟမ် ဝမ်....အာ!! ရိပေါ်နဲ့လား "
"ဟုတ်ကဲ့ "
"ဒါဆို အကိုသွားနှင့်မယ်နော် "
ရှောင်ကျန့် ရိပေါနဲ့အားစု တလှည့်စီကြည့်၍
ကျောခိုင်းထွက်ခွာသွားလေသည်
ရှောင်ကျန့်သွားလိုက်သည်နှင့်တပြိုင်ထဲ အားစု
ရိပေါရှေ့ဒူးထောက်ထိုင်လိုက်" တောင်းပန်ပါတယ် "
"ဟက်...နယ်နှင်ဒဏ်ပေးခံလိုက်ရတဲ့ အပြစ်သားတစ်ဦးက ရှင်ဘုရင်တပါးကိုကွယ်ဝှက် ထားတယ်ဆိုတာ ဘယ်လောက်အပြစ်ကြီးလဲသိလား!! "
" တောင်းပန်းပါတယ် အရှင်ကိုပိုင်ဆိုင်ချင်တဲ့ အတ္တလေးတခုကြောင့်ပါ "
"ဟက်...ရှောင်တိုင်းပြည့်ရဲ့
ပြည်သူတွေကရောသူတို့ရဲ့
ရှင်ဘုရင် ပျောက်ဆုံးသွားတဲ့အတွက် ငါးနှစ်တိုင်တိုင် ဘယ်လောက်ပူဆွေးပြီးနေခဲ့ကြရလဲသိရဲ့လား သားတော်အိမ်ရှေ့စံကရော ဖခင်အသက်ရှင်နေပါလျက် အတ္တတစ်ခုကြောင့် ဖခင်ကဘယ်ပုံစံရှိမှန်းတောင်မသိပဲ ကြီးပြင်းလာခဲ့ရတယ် ဒါတွေအားလုံးကခဗျားရဲ့အတ္တတွေကြောင့်လေ ""ချစ်မိတဲ့လူတိုင်းဟာ ပိုင်ဆိုင်ချင်တဲ့အတ္တလေတော့ရှိကြပါတယ် ဝမ်ရိပေါ်မင်းလဲအရှင်ကို
ချစ်ခဲ့တာပါ မင်းမှာတော့ချစ်ရသူကိုပိုင်ဆိုင်ဖို့ အခွင့်ရေးရှိပေမဲ့ ငါကျတော့ပိုင်ဆိုင်ခွင့်မရှိဘူးလား""ဒါပေမဲ့ မင်းမှားခဲ့တယ် အချစ်ဆိုတာပိုင်ဆိုင်လိုချင် သတ်သတ်ဘဲမဟုတ်ဘူး စွန့်လွှတ်အနစ်နာခံပေးဆပ်ချင်းတွေလဲပါတယ် ဒါကြောင့်ရယူချင်းမဟုတ်ဘဲ ပေးဆပ်ချင်းအချစ်တွေနဲ့လဲချစ်တတ်ရမယ် "