Chapter 1

2.9K 287 4
                                    

Unicode

ဆိုးလ် ~ ။
လွန်ခဲ့တဲ့တစ်လကစပြီး နေ့စဥ်ရက်ဆက်ဆိုသလို
မရိုးနိုင်အောင် ကြားနေရတဲ့ နာမည်တစ်ခု ~ ။အကြောင်းကတော့ မွေးချင်းညီအကို နှစ်ယောက်အနက်
စာပေတွင်ထူးချွန်သော ညီငယ်ဖြစ်သူ ကျွန်တော့အား ဘူဆန်ကဲ့သို့ မြို့ငယ်လေးတွင် စာသင်ကြားသည်ထက် ဆိုးလ်ကဲ့သို့မြို့ကြီးတွင် စာသင်ကြားစေချင်သည့် ဖေဖေကြောင့် ဖြစ်သည်။ ဖေဖေက သူ့သူငယ်ချင်းသားသမီးများကို ဆိုးလ်တွင်ကျောင်းတတ်နေသည်ကိုမြင်ပြီး အားကျသည် ။ ကျွန်တော့်ကိုလည်း ထိုကဲ့သို့ဖြစ်စေချင်သည်။နွေရာသီကျောင်းပိတ်ရက်က ကုန်ဆုံးပြီး
ကျောင်းများက ပြန်ဖွင့်တော့မည်မို့ အလယ်တန်းနောက်ဆုံးနှစ်ကို ဖေဖေက ဘူဆန်တွင်ထက်
ဆိုးလ်တွင်တတ်စေချင်သည်။

မေမေကတော့ထိုကိစ္စကိုသဘောမတူ ~ ။ ဆိုးလ်မြို့ကဲ့သို့သော မြို့ကြီးတွင် ဆွေးမျိုးရင်းချာမရှိပဲ သူမ၏သားငယ်ကို တစ်ယောက်တည်းထားဖို့ကား စိတ်မချ ~ ။ အတူလိုက်နေမည်ဆိုလျင်လည်း ဘူဆန်မှာကျန်ခဲ့သည့် လုပ်ငန်းကိုပစ်ထားခဲ့ရမည် ။ဘိုးဘွားစဥ်ဆက်လုပ်ကိုင်လာခဲ့သော ငါးဖမ်းလုပ်ငန်းကလည်း အနီးကပ် ကြီးကြပ်ကွပ်ကဲသူများဖြစ်သော သူမနှင့်သူမ၏ခင်ပွန်းသာမရှိလျင် ဖရိုဖရဲဖြစ်ကုန်မည် ။ ဤလုပ်ငန်းနှင့်သာထမင်းရှာစားလာခဲ့သည်မို့ ထမင်းကျွေးနေသော လုပ်ငန်းကို မျက်နှာလွှဲထားဖို့ကလည်း မဖြစ်ပြန်။ ထိုကြောင့် ဆိုးလ်တွင်ကျောင်းတတ်မည့် ကိစ္စကို မေမေက လုံးဝသဘောမတူ ~ ။ထို့အတွက်နှင့် ဖေဖေနှင့်မေမေကား ထစ်ခနဲရှိ စကားများကြရသည်။

ဖေဖေကတော့ အသက်၁၄ရှိပြီဖြစ်သော ကျွန်တော်သည်ကိုယ့်ကိုယ်ကို ထိန်းကျောင်းနိုင်သည့် အရွယ်ရောက်နေပြီဖြစ်ကြောင်း ​ရှင်းပြပေမယ့် မေမေကတော့ လုံးဝလက်မခံ ။ငယ်စဥ်က အတန်းပညာမသင်ယူခဲ့ရသော ဖေဖေသည် သူ၏သားများကို စာပေတွင်ထူးချွန်စေချင်ပြီး ရည်မှန်းချက်မြင့်မြင့်ထားသည်ကို သိပေမယ့်ကျွန်တော်ကိုယ်တိုင်သည်လည်းအမှန်တော့ ဆိုးလ်သို့ မသွားချင်ပေ ။သူငယ်ချင်းများနှင့်မခွဲနိုင်သလို အိမ်ကိုခွဲပြီး အခြားတစ်နေရာတွင်
သွားမနေချင်လှ ~။ ထို့အတွက် ဖေဖေနှင့်မေမေအချင်းများတိုင်း မေမေက 'သားငယ်ကိုဆိုးလ်ကိုမပို့နိုင်ဘူး´ ဆိုသည့်စကားကိုကြားရလျင် ထခုန်မတတ်ကို
ပျော်ရသည်။

D E S T I N YWhere stories live. Discover now