Chapter 9

1.4K 233 16
                                    




Unicode




' ချွင်း ´ခနဲအသံမည်သွားတဲ့အတွက် ထမင်းငုံစားနေရာမှ ခေါင်းက အော်တိုမတ်တစ် ရှေ့ကိုမော့သွား၏ ။

အရံဟင်းသုံးလေးခုနဲ့ ထမင်းအပြည့်အမောက်ထည့်ထားသော ထမင်းဟင်းဗန်းကြီး။နောက်ပြီး သကာရည်လောင်းထားသလို ချိုအီနေတဲ့မျက်နှာတစ်ခု ~ ။
ထိုမျက်နှာသည် ကျောင်း၏ အော့ကြောလန်ဘွဲရာထူးရထားည့် ငဂျီဆိုတဲ့နာမည်နဲ့ မအပ်စပ်အောင်ကို
ခပ်ကြောင်ကြောင်နိုင်သည်။

' တစ်ယောက်တည်းလား ?? ´

အမေးစကားနဲ့အတူ ရှေ့တွင် အကျအနဝင်ထိုင်ကာ
ထမင်းတစ်လုပ်ကို ကောက်ဝါးသည် ။ တစ်ယောက်တည်းလားဟူ၍သာ မေးပေမယ့်
ကျနော်ဆီကပြန်ထွက်လာမည့် အဖြေကိုတော့
ယင်းငဂျီက စိတ်ဝင်စားပုံမရ.. ။ ကျနော့်ပန်းကန်ထဲမှအညိုရောင် အသားကြော်တုံးသာကိုသာ ခါတိုင်းလို စိတ်ဝင်စားစွာကြည့်သည် ။

ရင်ထဲပြည့်တတ်လာတာက အစာမဟုတ် .. ။
စိတ်ပျက်မှု ........... ။

ကျောင်းစစတတ်ခြင်းတစ်ပတ်လောက်အထိ
နေ့လည်စာ ထမင်းစားချိန်က အနှောင်အယှက်မရှိအဆင်ပြေခဲ့သည် ။ သို့ပေမယ့် နှစ်ပတ်မြောက်က စပြီး
မျက်ပေတုံး ပတ်ဂျီမင်းက ထိုအဆင်ပြေမှုကို
ဖျက်ဆီးခဲ့သည် ။

အသား ... ။ အသားကစျေးကြီးသည် ။
ကန်တင်းမှာရတဲ့ ထမင်းပွဲက အမျိုးမျိုးရှိသည် ။
အသားဟင်းများများပါသည့် ထမင်းပွဲကစျေးကြီးပြီး
ဒီအတိုင်းပါရုံသာ ဟင်းများကျစျေးတော်သည် ။
ကျောင်းသားများကတော့ ကိုယ်သင့်တော်သလို တွက်ချက်ပြီး ဝယ်စားကြ၏ ။ အိမ်က မေမေတို့ကလည်း လိုအပ်သလောက်ပိုက်ဆံက ပို့ပေးနေသည့် အတွက် ကျနောက်အတွက် တွက်ချက်စရာက
မလိုအပ်လှ ။ ထို့အတွက် အသားကိုနှစ်သက်သော
ကျနော်က အသားဟင်းကို အမြဲလိုလိုဝယ်စားဖြစ်သည် ။
အဲ့ဒီငဂျီဆိုသည့် ပတ်ဂျီမင်းကလည်း အသားcarzy ပင် ။ သူ့ဘာသာသူတော့ ဝယ်စားသည်မဟုတ် ~ ။
နေ့လည်စာ စားချိန်တိုင်း အနားရောက်လာပြီး အသားကို လာတောင်းစားသည် ။ ပထမတစ်ရက်ကတော့
စကားများများမပြောချင်၍ ကျွေးလိုက်ပေမယ့်
ပထမတစ်ခါရတော့ ဒုတိယအကြိမ်မြောက်ဆိုတာဖြစ်လာသည် ~ ။ ဒုတိယကနေတတိယ ... တတိယကနေ စတုတ္ထ .. အကြိမ်ပေါင်းများစွာဖြင့် ခုဆို နှစ်ပါတ်ပင်
ကျော်နေပြီး ။

D E S T I N YWhere stories live. Discover now