Chapter 4

1.1K 236 28
                                    



Unicode


ကမ္ဘာပေါ်တွင် မကြိုက်ဆုံးအရာကိုပြောပါဆိုလျင်
ဂတ်စ်မီးဖိုနှင့်ဆေးခန်းပင်ဖြစ်ပါ၏ ။ မတော်လျင်
အချိန်မရွေး ထပေါက်ကွဲနိုင်သည့် ဂတ်စ်မီးဖိုကို
သဘောမကျသလို ဆေးနံ့ပြင်းသော ဆေးပေးခန်း
ဆေးရုံတို့ကိုလည်းသဘောမကျပါ ~ ။ ဘယ်လောက်
အထိလဲဆိုရင် ဖျားနာလျင်တောင် ကြိတ်မှိတ်ပြီး
နေခဲ့သည်အထိ ဆေးခန်းကို သဘောမကျခဲ့ပါပေ ။
နောက်ဆုံး အဖျားကြီးပြီး မေမေကသိသွားမှာသာ
ဆေးရုံ ဆေးခန်းခဲ့သို့ရောက်ခဲ့တာများသည် ။
ဆိုးလ်တွင် နေရင်တော့ အတတ်နိုင်ဆုံး နေမ​ကောင်းမဖြစ်အောင် နေမည်ဟု ဆုံးဖြတ်ထားခဲ့ပေမယ့် ​ဆိုးလ်သို့ရောက်တာ တစ်လပင်မပြည့်သေး ~ ကျောင်းဆေးပေးခန်းထဲမှ ကုတင်ပေါ်တွင် လှဲလျောင်းနေရပြီ ။

ဒါတွေအားလုံးက ဟို ပတ်ဂျီမင်း ဆိုတဲ့
အကိုကြီးကြောင့် ! ။ မဝပေမယ့်လည်း လေးလှသည့်
သူ့ခန္ဓာကိုယ်ကြီး​က အရှိန်နဲ့လာတိုက်ပြီး ကိုယ်ပေါ်ကို
ပြိုလဲကျတော့ အနည်းငယ်ဖျားနေသည်ကို ဘယ်သူမှ
မ​​ပြောပဲ တိတ်တိတ်လေးထားထားသည့် အားနည်းနေသော ကျွန်တော်ခန္ဓာကိုယ်က ခံနိုင်ရည်မရှိ ... ။ ကြမ်းပြင်နှင့်ခေါင်းက သွားဆောင့်တော့ လူက အချိန်အနည်းငယ် သတိပါမေ့သွားသည် ။ ဆေးပေးခန်းရောက်နေသည်ကို သတိထားမိမိခြင်း ဒီဆေးပေးခန်းထဲက ထွက်ဖို့လုပ်ပေမယ့် ဆေးလုံးက ချိတ်ထားသည်မို့
စိတ်ကိုလျော့လိုက်ရသည် ။

ဒီတစ်ခါပဲ! ~ ဒီတစ်ခါဆေးသွင်းပြီးတာနဲ့
နောက်နေမကောင်းဖြစ်အောင်မနေတော့ဘူး ! ။
သေလောက်အောင်ဆေးပေးခန်းထဲမှထွက်သွားချင်
ပေမယ့်လည်း စိတ်ကိုတင်းထားလိုက်သည်။

ပတ်ဂျီမင်း .... ။
စိတ်ရှုပ်ဖို့ကောင်းတာကြီး ။ သူနဲ့တွေ့တာနှင့်အမြဲ
တစ်ခုမဟုတ်တစ်ခုဖြစ်ရမှ ~ ။ရေစက်ဆိုးလိုမျိုးပင် ။
ပထမတစ်ခါလည်း ပိုက်ဆံတောင်းသည် ။ ဒုတိယတစ်ခါလည်း သူ့အကြောင်းပြောတာနှင့် ရောက်ချလာသည်။
အဲ့တုန်းက ကင်ထယ်ယောင်းဆိုသူ၏ အကြည့်ကြောင့်
အနည်းငယ်​လန့်သွားတာတော့ ဝန်ခံသည် ။ တတိယ
တစ်ခေါက်ကျတော့လည်း မကြိုက်ဆုံးဆေးပေးခန်း
အထိရောက်ရလေတယ်လို့ ~ တွေ့လိုက်တိုင်း မကောင်းတာချည်းပင် ~ ။ သူ့ကိုရှောင်မှကိုဖြစ်မည် ။ စတုတ္ထ
အကြိမ်မြောက်တွင် ဘာတွေဆက်ဖြစ်လာနိုင်သလဲဆိုတာ မသိနိုင်သည်မို့ ... ။

D E S T I N YWhere stories live. Discover now