Chapter 7

1K 218 3
                                    

Unicode



အိစက်နေတဲ့မွေ့ယာပေါ်မှာ လှဲချလိုက်တဲ့အချိန်
ကလေးပေါင်ဒါနံ့မျိုး အနံ့ပြေပြေက ပျော်ရွှင်စွာ
ဆီးကြိုတော့ လူက အော်ရယ်ချင်သွားသည်။
ဆိုးလ်မြို့ကြီးမှာ ကျောင်းတတ်နေတဲ့ အလယ်တန်း
ကျောင်းသားတစ်ယောက်က ကလေးပေါင်ဒါကို သုံးနေတုန်းတဲ့လား? ။ ဒီသောက်ကောင်လေးကတော့
ရုပ်ရည်လေးပင်မက အနံ့ကလည်း ကလေးဆန်ဆန် ။ ဘယ်လိုတောင် ငအလေးလဲ ?။ညီလေး ဂျီဟွန်းဆိုလျင် ကျနော်ဆိုးလ်ကို မရောက်ခင်ကတည်းက လူပျိုပုံစံကို ကျကျနနဖမ်းတတ်ကာ ရေမွှေးကောင်းကောင်းကိုသုံးတတ်နေပြီး ။ ဒီသောက်ကောင်လေးကတော့ ကလေးပေါင်ဒါမှုန့်တဲ့ ။

' ဘာလုပ်တာလဲ!!!! ´

မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ အံသြသလိုကြည့်ပြီး
မေးလာသည်။ သူ့ပုံစံက ဒေါသကို ထိန်းထားရတဲ့
ပုံစံ ... ။ ခေါင်းကို ဒက်ခနဲခေါက်လိုက်ရရင်ဖြင့်... ။

' အိပ်နေတာလေ မမြင်ဖူးလား ? ´

မျက်မှောင်ကျုံ့ပြီး အံကြိတ်သည်။
မုန့်ထုပ်ကိုပစ်ချပြီး အနားကိုပြေးလာသည်။

' ထ ! ကျနော်အိပ်ယာညစ်ပတ်ကုန်မယ် ´

လက်မောင်းတစ်ဖက်ကိုလာဆွဲပြီး
အိပ်ယာပေါ်မှ ဆွဲချဖို့ကြိုးစားသည်။
ဒီသောက်ကောင်လေးက အားတော့ရှိသား ။
အိပ်ယာပေါ်မှာ ပေကပ်ပြီး အိပ်အုံးမယ်ဟု
စဥ်းစားတုန်းရှိသေး လူက ကုတင်ပေါ်ကနေ
ဆွဲချခံလိုက်ရပြီး ။

' ပြန်ပါတော့ဗျာ .. ကျနော့်ကို မနှောက်ယှက်ပါနဲ့တော့ ´

တံခါးအပြင်ဘက်ကို ပြန်တွန်းထုတ်နေတဲ့
သောက်ကောင်လေး ။ ဘာရယ်မဟုတ် လက်က
သူ့ခေါင်းကို ဒက်ခနဲခေါက်ချပစ်လိုက်သည်။

' အားးး ´

ခေါင်းကိုလက်နဲ့အုပ်ပြီး နောက်ဆုတ်သွားတဲ့ပုံစံက
တကယ့်ကို ခွေးပေါက်စလေးတစ်ကောင်လို ... ။
စိတ်ချမ်းသာသွားပြီမို့ သူများဆန္ဒအတိုင်း အခန်းထဲမှ
ထွက်လာခဲ့လိုက်သည်။

နောက်နေ့တွေကျရင်လည်း ထပ်အနိုင်ကျင့်အုံးမှ... ။


.........................................................................


D E S T I N YWhere stories live. Discover now