Chapter 8

1.2K 226 26
                                    




Unicode


သူကဘာလို့လဲ ?? နှစ်ကျသွားတာလား ??
အဲ့တာကြောင့် အဆောင်တူသွားတာလား ??
ကျနော့်ကိုရောမှတ်မိသေးလား ?? .... အရင်လို
ခေါက်ခံရအုံးမှာလား ? .... ဘာလို့သူနဲ့မှ လာကျရတာလဲ ??? ခေါင်းထဲ အစီအရီပြေးဝင်လာတဲ့မေးခွန်းတွေ ... ။

' အာညော် ... ငါက ဂျီမင်း ... မင်းရဲ့အခန်းဖော်ပေါ့ ´

လက်တစ်ဖက်ကို ထောင်ပြပြီး နှုတ်ဆက်တော့
လူမှုရေးအရ ခေါင်းညိတ်ပြလိုက်ပြီး

' ဂျောင်ကုပါ .. ဂျွန်ဂျောင်ကု ´

' သိတယ်လေ ... ´

' အမ် ... ´

' ကဲခွေးပေါက်စ .. ငါဒီကုတင်ယူမယ် ´

အခန်းထဲ ကုတင်က ဟိုးဖက် ဒီဖက်နှစ်လုံးမို့
ပြတင်းပေါက်နဲ့နီးသော ကုတင်ကို လက်ညိုးထိုးပြရင်း
ပြောလာတဲ့သူ့ပုံစံက ရင်းနှီးဟန်ဖြစ်ပေမယ့်လို့
ကျနော်ကတော့ အတော်ဘဝမကျ ဖြစ်မိသည်။
အဲ့ဒီခွေးပေါက်စလို့ခေါ်ပုံထောက်ရင် သူသည်
ကျနော့်အားမှတ်မိတာသေချာသည်။ ဤသို့ဆိုလျင်
အရင်လိုမျိုး ခေါင်းခေါက်ခံရနိုင်သည် ။

စိတ်ရှုပ်ပါသည်။
ခွေးပေါက်စလို့ခေါ်တာကိုလည်း မကြိုက်သလို
ဒီလိုအဆိုးအပေတစ်ယောက်နဲ့လည်း တခန်းတည်း
မနေချင်ပေ ... ။ နောက်ပြီး သူရွေးထားတဲ့ ကုတင်ကလည်း ကျနော်သဘောကျနဲ့ နေရာဖြစ်နေသေးသည်။

' ကျနော်လည်း အဲ့ဒီကုတင်ကြိုက်တယ် ´

ပင့်တတ်သွားတဲ့ မျက်ခုံးနှစ်သွယ်က ကျနော့်အဖြေကို
မမျှော်လင့်ထားဟန်ဖြင့် ... ။ အရင်ကတော့
ပြသနာမဖြစ်ချင်၍သာ စကားများများမပြောခဲ့ဖူးပေ
မယ့် အခုနဲ့အရင်က ကွာခြားသည် ။ ကျနော်လည်း
ထိုပြတင်းပေါက်နားက နေရာကို သဘောကျတဲ့အတွက်
အလျော့တော့မပေးနိုင်ပါ .. ။ မကျေနပ်လို့ ထထိုးရင်လည်း ပြန်ထိုးပေးလိုက်ယုံသာ ... ။ ဒီသတင်းကတော့
မေမေတို့ဆီရောက်လိမ့်မည်မဟုတ် ... ဘာလို့ဆို
ကိစ္စသေးသေးလေးဆိုလျင် အဆောင်မှုးနှင့်သာပြီးသည့်
အကြောင်း မနှစ်ကတစ်နှစ်လုံးသိခဲ့ရပြီးပြီဖြစ်၏ ။

D E S T I N YWhere stories live. Discover now