Chapter 5

1.2K 225 19
                                    

Unicode

ပါးစပ်ထဲက တဖန်ပြန် လွင့်ထွက်လာတဲ့
ပေါင်မုန့်စအချို့ မျက်နှာပေါ်ကိုလာမစင်အောင်
လက်နဲ့အုပ်ကာ ကာလိုက်သည်။

' ဘာ?? ဒိတ်လွန်နေတာ?? အစထဲကဘာလို့
မပြောတာလဲ ငဂျီ ! ´

လည်ချောင်းထဲရောက်ထားပြီးသား ပေါင်မုန့်ကို
ပြန်ထွက်လာအောင် အလောတကြီး တဟွတ်ဟွတ်
ချောင်းဆိုးထုတ်နေတဲ့ နမ်ဂျွန်ရဲ့ ဗရုတ်သုတ်ခ
မြင်ကွင်းကို ဂျီမင်းက အားရဟန် တစိမ့်စိမ့်အရသာခံ
ကြည့်သည် ။

အဲ့တာမပြောမဆိုနဲ့စားချင်အုံး! ။
ဗိုက်ဆာတတ်လွန်းလို့ ဝယ်သိမ်းထားရတဲ့
ပေါင်မုန့်တစ်လုံးကို မပြောမဆိုနဲ့ ပါးစပ်ထဲကောက်ထည့်လိုက်တာလေ.. ။နောက်ပြီး ဂျွန်ကြီးရဲ့ လည်ချောင်းထဲရောက်သွားတဲ့ပေါင်မုန့်ဆိုတာ ညအိပ်မပျော်ရင်ထစားဖို့ အတွက်နောက်ဆုံးလက်ကျန်လေး ... အဲ့ဒါကုန်ရင်
အဆာပြေမုန့်ဆိုတာကြီးကို ငတ်ပြီ ... ။ထပ်ဝယ်ဖို့ကလည်း ပိုက်ဆံက လက်ထဲသိပ်မကျန်တော့ ... ဝယ်လိုက်လျင် အခြားအသုံးစရိတ်ကိစ္စတွင်သုံးရန် ငွေပြတ်မည် ။ဟုတ်တယ် စိတ်ကတော့ပုပ်ပုပ်ပဲ ~ ကိုယ်မစားရရင် ဘယ်သူမှလည်းမစားစေရဘူး ... ။

' မင်းစားပြီးမှ ငါကမြင်လိုက်တာကိုးး ´

မချိပြုံးလေးနှင့်ပြောလိုက်တဲ့ ဂျီမင်း ။
မျက်နှာကြီးရှုံ့မဲ့ပြီး ရေချိုးခန်းထဲ
ပြေးဝင်သွားတဲ့ နမ်ဂျွန် ~ ။ လုပ်ဇာတ်ဆိုတာကြီးကို
သိပြီးသားဖြစ်နေတဲ့ ထယ်ယောင်းနဲ့ ယွန်းဂီကတော့
ခေါင်းတယမ်းယမ်းနှင့် ။ ဒီနှစ်ယောက်အကြောင်းကတော့ ထုံးလိုချေ ရေလိုနှောက် သိပြီးသားလေ .. ။

' Aigoo .... ပေါင်းလာတာပဲ သုံးလေးနှစ်မကတော့ဘူး
ငဂျီအကြောင်းကိုမသိတဲ့ကောင်နဲ့ ...
ကိုယ့်မုန့်ကိုတောင်ဂျွန်ကြီးကိုမကျွေးချင်တဲ့ကောင်နဲ့ ´

ထယ်ယောင်းက ခပ်ထေ့ထေ့ပြောတော့
ဂျီမင်းက ကူရှင်ပေါ်မှထယ်ယောင်းအား
မျက်လုံးစွေကာ ပြန်ကြည့်သည်။

' ငါ့အဆောင်ကိုလည်းလာသေးတယ် ~
ငါ့ရဲ့နောက်ဆုံးလက်ကျန်မုန့်လေးကိုလည်း
စားပစ်လိုက်တာကတော့ မဟုတ်သေးဘူးလေ ..
နောက်ပြီး နေမကောင်းသတင်းလာမေးဆိုရင်လည်း
မုန့်လေးဘာလေးဝယ်လာရမှာမဟုတ်လား??
ဘယ်သူက ဘယ်သူ့ကြောင့်အထိုးခံရတာလဲ?? ´

D E S T I N YWhere stories live. Discover now