Ep(1)friendship❤

16.9K 439 17
                                    


ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှာ
အေးအေးဆေးဆေး ပညာသင်ကြားနေကြတဲ့ သူငယ်ချင်းကောင်မလေးသုံးယောက်
သုံးယောက်လုံးက စာတော်ပြီး rich kidsတွေလည်း ဖြစ်တာမို့ ဘေးလူတွေကို လူလို့ပင်မထင် သူတို့သုံးယောက်သာ တစ်လောကလုံးမှာ ရှိတယ်ထင်နေကြသူတွေ
ရုပ်လေးတွေကလည်း ချောတာမို့ မာနလည်းကြီးကြတယ်လေ မနာလိုသူတွေကတော့ရှိတာပေါ့

စာသင်နေကြတုန်း ဆရာမမှ

"ဒီနေ့ ဆရာမတို့ကျောင်းကို ကျောင်းသူအသစ်တစ်ယောက်ပြောင်းလာတယ် လာသမီးလေး အထဲဝင်ခဲ့

ကောင်မလေးအခန်းထဲ ဝင်လာတော့ မိန်းကလေးတွေ တိုးတိုးတိုးတိုးပြောနေကြသည်

"ချောသားဟ ချစ်စရာလေး

စာကြည့်နေတဲ့ဂျင်းကို ဘေးကချယ်ယောင်းက လက်ဖြင့်တို့ပြီး

"ဟဲ့ကျောင်းသူအသစ်ကိုကြည့်အုံး ချစ်စရာလေး

ချယ်ယောင်းပြောတာကြောင့် ဂျင်းမော့ကြည့်လိုက်တော့ ဆံမိတ်လေးချထားပြီး ဖြူဖွေးသောအသားအရည်နှင့်လိုက်ဖက်စွာ နက်မှောင်သော ဆံပင်လေးတွေနဲ့ ကောင်မလေးတစ်ယောက် ဂျင်းစိတ်ထဲ ချစ်စရာကောင်းလိုက်တာလို့ တွေးမိသွားတာတော့ အမှန်

"ကျွန်မနာမည်က လီဆာပါ အားလုံးပဲခင်နိုင်ပါတယ်နော် ဒါနဲ့ဆရာမ ခုံအလွတ်မရှိတာကို သမီးကဘယ်မှာထိုင်ရမှာလဲ

လီဆာဆိုသော ကောင်မလေးစကားကြောင့်
ဂျင်းတို့သုံးယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည် ထိုမိန်းကလေးကသုံးယောက်သာရှိနေသောဂျင်းတို့အတန်းကိုကြည့်ကာ ပြောနေခြင်းမဟုတ်ပါလား

ပေါ့သေးသေးမဟုတ်ဘူးပဲ ခုမှရောက်လာတာကို ဆရာမကိုဒီလိုပြောရဲတယ်ဆိုတော့ ရုပ်လေးကလည်း စာတော်မယ့်ရုပ်လေး

Jen''jijiသူ့ကို ငါတို့အတန်းမှာထိုင်ဖို့ပြောလိုက်

Ji''ဟမ် ငါတို့ကလား ပြောတော့ဘယ်သူ့မှ

C''ခေါ်လိုက် ငါလည်းသူနဲ့ခင်ချင်တယ်

ဘေးကငတိမနှစ်ယောက်စကားကြောင့် ဂျီဆူးလည်း မတ်တပ်ထရပ်လိုက်ပြီး

Bring back your love[COMPLETED]Where stories live. Discover now