Ep(28)💛

3.9K 240 12
                                    

လီလီနဲ့ ချယ် သူငယ်ချင်းနှစ်ယောက် စကားတွေဖောင်ဖွဲ့ပြောနေကြသည် ချယ်ကတော့ ukကအကြောင်းတွေနဲ့ ဂျင်းအကြောင်းတွေပြောနေတာပေါ့

C''အာ့တုန်းက ငါဂျင်းကိုအရမ်းအမြင်ကတ်တာ ဒါပေမယ့် လေဆိပ်မှာ နင်နဲ့ပြန်ဆုံတော့
ငါ ဂျင်းကိုတော်တော်သနားသွားတယ် သိလား

L''အင်း အခုအားလုံး အဆင်ပြေသွားလို့ တော်သေး..

လီလီ့စကားမဆုံးခင်မှာပဲ အခန်းရှေ့မှာ ဆူဆူညံညံအသံတွေ ကြားလိုက်ရသည် ခဏနေတော့ ရုံးခန်းတံခါးပွင့်သွားပြီး bam bamဝင်လာတာတွေ့လိုက်ရသည်

"အကို ဝင်လို့မရဘူးလို့ သူဋေးမှာသွားတယ်

B''ဘာဖြစ်လဲ လီလီမင်းနဲ့ငါ ပြောစရာရှိတယ်

L''ကျွန်မမှာ ပြောစရာမရှိဘူး

B''ငါ့မှာရှိတယ် ငါတို့နှစ်ယောက်ပဲ ပြောချင်တယ် မဆိုင်တဲ့သူတွေ အပြင်ထွက်

C''လီလီ ငါ

L''ရတယ် ချယ် ငါရတယ် အပြင်မှာသွားနေလိုက်နော်

လီလီ့စကားကြားမှ ချယ်အပြင်ထွက်သွားခဲ့သည် လီလီ ထိုင်ခုံမှာထိုင်လိုက်ပြီး

L''ထိုင်ပြီး စကားပြောကြတာပေါ့

B''ငါ မင်းကိုမေးစရာရှိတယ် မင်းနဲ့ငါ့ညီမနဲ့က ဘာတွေလဲ

အဲ့အချိန်မှာပဲ လီလီ့လက်ထဲကိုင်ထားတဲ့ ဖုန်းကမြည်လာခဲ့သည် လီလီကြည့်လိုက်တော့ ဆက်တဲ့သူကဂျင်းဖြစ်နေတာမို့ လီလီကိုင်မယ်အလုပ် bam bamကဆွဲယူပြီး ဖုန်းကိုနံရံဆီ ပစ်ပေါက်လိုက်သည် ပြီးတော့ bam bamကထိုင်ရာက ထလိုက်ရာ လီလီလည်းထရပ်လိုက်ရသည်

B''ငါမေးတာပဲ ဖြေ ငါ့ညီမနဲ့က ဘာတွေလဲလို့

L''ဘာဖြစ်လို့လဲ သူငယ်ချင်းတွေလေ

B''ဟုတ်လား ငါ့ညီမပြောလိုက်တာတော့ ချစ်သူတွေတဲ့လေ ငါ့ကိုညာမနေနဲ့တော့

L''ဟုတ်တယ် ကျွန်မနဲ့ဂျင်းနဲ့က ချစ်သူတွေပဲ ဘာဖြစ်လဲ

B''ဟားဟား ရယ်ရတယ် အဲ့ဒါကြောင့် ငါမမှားတဲ့ အမှားတစ်ခုကို ခွင့်မလွှတ်ပေးနိုင် ဖြစ်နေတာပေါ့ ဟုတ်လား ငါ့ညီမနဲ့အတူနေချင်လို့ပေါ့ ဟုတ်လား

Bring back your love[COMPLETED]Dove le storie prendono vita. Scoprilo ora