Ep(8)❤

4.1K 286 37
                                    

"ငါနဲ့တစ်ညအိပ်ပေးရင် ရာထူးတိုးပေးမယ်

L''ဘာရယ် ကျွန်မကအာ့လိုလူမျိုးမဟုတ်ဘူး

"ပိုက်ဆံပါပေးမယ်လေ

L''မိုက်ရိုင်းလိုက်တာ ကျွန်မဘက်ကတစ်ခွန်းပဲ​ပြောစရာရှိတယ် အာ့လိုလူမျိုးမဟုတ်ဘူး

"မူမနေပါနဲ့ နောက်ရက်တွေကျရင် မသိချင်ယောင်ဆောင်ပေးမှာပေါ့ သမီးရယ်

ထွက်လာတဲ့ဒေါသကို လီလီမနည်းထိန်းချုပ်ထားရသည် လီလီကဒီလိုအပြောခံရအောင်လည်း မနေခဲ့ပါပဲနဲ့လေ

L''ဆောရီးပါ အကျင့်စာရိတ္တ မကောင်းတဲ့သူဆီမှာ အလုပ်ဆက်မလုပ်နိုင်တော့ဘူး ရွံစရာကောင်းလို့

"ဘာပြောတယ် မင်းကများ ငါ့ကိုရွံစရာကောင်းတယ်ဟုတ်လား

ပြောပြီး လီလီ့ရှေ့တိုးလာတဲ့ မန်နေဂျာကို
လီလီဆောင့်တွန်းလိုက်ပြီး

L''ကျွန်မအလုပ်ထွက်ပြီ

အခန်းထဲမှာ မန်နေဂျာဒေါသထွက်နေလား လီလီမကြည့်တော့ပဲ တစ်ခါထဲ အပြင်ထွက်ပြီး ပစ္စည်းတွေ သိမ်းဆည်းလိုက်သည်

သိမ်းပြီးတာနဲ့ ချက်ချင်း ရုံးကနေထွက်လာခဲ့လိုက်သည် ဒီလိုနေရာမှာဆက်အလုပ်လုပ်စရာ အကြောင်းမရှိဘူးမလား ဒေါသလည်းအရမ်းထွက်တယ် လီလီအလုပ်စဝင်ထဲက အေးအေးဆေးဆေးပဲ နေတာပါ သူများတွေနဲ့တောင် သိပ်မရောဘူး ဒါကိုဘာလို့များ
ဒီလိုအပြောခံရပါလိမ့်လို့တွေးမိတော့
ဒေါသတို့ ထပ်မံထွက်ပေါ်လာရပြန်တယ်..






ဒီနေ့ဂျင်းတို့သုံးယောက် စာတမ်းပြုစုတာပြီးသွားတာကြောင့် အပန်းဖြေနေကြသည်လေ
ပင်ပန်းထားသမျှကို ကုတင်ပေါ်မှာ ပစ်လှဲပြီး
အနားယူနေခဲဲ့ကြရင်း

C''အိမ်ပြန်ချင်လိုက်တာ ကျောင်းကလည်းမပိတ်သေးဘူး

Ji''နင်ကလည်း အရမ်းညီးတာပဲ ဟိုမှာကျောင်းပိတ်တာတောင် မပြန်တဲ့သူက ရှိတယ်လေ မာလိုက်တဲ့နှလုံးသား အကိုကိုလည်း ရှိတယ်လို့တောင် မထင်ဘူး ဒီလိုလူမျိုးနဲ့ လီလီရည်းစားမဖြစ်သွားလို့ တော်သေး ငါတော့လီလီ့ပဲ သနားတယ် ဒီလိုရက်စက်တတ်တဲ့သူကိုမှ ချစ်တယ်လို့

Bring back your love[COMPLETED]Место, где живут истории. Откройте их для себя