"သမီးလေး မနက်ထဲကဘာမှမစားဘူးဆို
L''ဟုတ်တယ် မစားချင်လို့
"ခွင့်မပြုပေးလို့ စိတ်ကောက်နေတာပေါ့လေ ဟုတ်လား
L''ဟုတ်တယ် ဖေဖေခွင့်မပြုဘူးနော် ရတယ်
ဘယ်ကျောင်းမှမတက်ဘူး"ဘယ်လိုဖြစ်လို့ခေါင်းမာနေရတာလဲသမီးရယ်
L''ခွင့်ပြုပေးလို့ဆို
"အင်း အင်း
L''ရေး တစ်ကယ်နော် အဲ့ကြောင့်ဖေ့ကိုချစ်တာ ဟီး ဟီး
ဖေဖေ့ကိုဖက်လိုက်ပြီး ပျော်လွန်းလို့ခုန်ပေါက်နေမိပါရဲ့ အော် လူတစ်ယောက်ကိုချစ်မိသွားတော့လည်း...
လီလီအခန်းထဲပြေးဝင်ခဲ့ကာ ဂျင်းဆီဖုန်းခေါ်လိုက်တော့သည်
L''ဂျင်း အဖေကခွင့်ပြုပေးပြီ ငါလိုက်လို့ရပြီနော်
Jen''ဟာ တစ်ကယ်လား လီလီ
အံ့အားသင့်စွာ ပြန်မေးမိပါသည်
ဂျင်းပျော်ပါသည် လီလီမပါပဲမသွားချင် အမှန်ဆိုလီလီ့ဘက်ကမလိုက်တာသေချာရင်
ဂျင်းလည်းမသွားဖို့ဆုံးဖြတ်ထားပြီးသားပါ
ခုတော့လီလီလိုက်လို့ရပြီဆိုတော့ ဂျင်းအရမ်းပျော်ပါသည်L''အင်း နင်ငါပြောထားတဲ့ဟာကို ပြောပြလို့ရပြီလား
Jen''ဟင့်အင်း မပြောသေးဘူး သွားမယ့်နေ့ကျမှ ပြောမယ်
L''အေးပါ ဟုတ်ပါပြီ
ပြောမယ်လီလီ အဲ့နေ့ကျငါကချစ်နေကြောင်း
သေချာပေါက်ပြောပါ့မယ်ရက်တွေဟာတစ်နေ့ပြီးတစ်နေ့ကူးပြောင်းလာခဲ့ရင်း သွားဖို့အတွက် စာရွက်စာတမ်းတွေ အားလုံးလုပ်ပြီးသွားခဲ့လေပြီ နောက်တစ်ပါတ်ဆို လီလီတို့သွားရတော့မည်
L''ဂျင်း နင်ပျော်နေလား
Jen''အေးပေါ့ သွားရတော့မှာ ပျော်စရာကြီး ငါတို့လေးယောက်လုံး သွားရမှာမို့ ပိုပျော်တယ်
L''အေးပါ သွားရတော့မယ်ဆိုလို့လား မသိဘူး ငါကတော့အဖေနဲ့တောင် မခွဲချင်တော့ဘူး
ဟုတ်သားပဲ လီလီ့မှာတွယ်တာစရာ အဖေတစ်ယောက်လုံးရှိသေးတာပဲ ပြီးတော့မမွေးသေးတဲ့ မောင်လေးကိုလည်း လီလီကသိပ်ချစ်ရှာတာ ဂျင်းကသာနဂိုထဲက အကိုနဲ့ သိပ်ပြီးရင်းရင်းနှီးနှီးမရှိတော့ သွားရမှာပျော်နေပေမယ့် လီလီကတော့ဂျင်းလိုဘယ်ဟုတ်မလဲ ချယ်နဲ့ဂျီဂျီကတော့ အရင်ထဲက ကျောင်းပိတ်ရက်တွေဆို နယ်ဘက်တွေခရီးထွက်နေကြ လီလီကအိမ်နဲ့မခွဲဖူးသည်မို့ ဘယ်ခွဲချင်ပါ့မလဲလေ..
KAMU SEDANG MEMBACA
Bring back your love[COMPLETED]
Acakမာနကြောင့် ချစ်ရသူနဲ့ဝေးကွာခဲ့ရပြီး ပြန်ပိုင်ဆိုင်ဖို့ ကြိုးစားချိန်မှာတော့ အရမ်းကိုနောက်ကျသွားခဲ့ရတဲ့ ကောင်မလေး #kim jennie အချစ်နဲ့ဘဝ နှစ်ခုထဲက တစ်ခုကိုရွေးချယ်ရမယ့်ကောင်မလေး #lisa manoban သနားမိရာကနေ ချစ်မိသွားပြီး ထိုမိန်းကလေးရဲ့ဘဝကို ကယ်တင်ပေးမ...