Ep(3)❤

5K 324 16
                                    


မနက်မိုးလင်းjisooနိုးလာသည့်အချိန်မှာတော့ ကုတင်ပေါ်မှာထိုင်ပြီး ပေါင်ပေါ်မှာစာအုပ်တွေဖွင့်လျှက်သားနှင့် တစ်ယောက်ကိုတစ်ယောက်မှီပြီး အိပ်ပျော်နေကြတဲ့ နှစ်ယောက်ကိုတွေ့တာမို့ ခုထိအိပ်ပျော်နေသေးတဲ့ ချယ်ယောင်းကို အသာလေးနှိုးလိုက်ရာ

C''ဘာလဲဟာ

Ji''ထကြည့်အုံး ဟိုနှစ်ယောက်ကို

ချယ်လည်းကြည့်လိုက်တော့ လီလီနဲ့ဂျင်းအိပ်ပျော်နေပုံလေးက ချစ်စရာကောင်းလွန်းလှတာမို့ ဖုန်းသာရှိရင် ဓာတ်ပုံရိုက်ထားမိမှာအမှန်

C''ချစ်စရာ ကောင်းလိုက်တာနော်

Ji''ဟုတ်ပ ငါနှိုးလိုက်အုံးမယ်

Ji''လီလီ ဂျင်းထတော့လေ မိုးလင်းနေပြီ

ဂျင်းလည်း jisooအသံကြောင့်နိုးသွားပြီး ကိုယ်ကိုမတ်လိုက်ရာ ဂျင်းအပေါ်မှီအိပ်နေတဲ့ လီလီ့ကိုယ်လေး ယိုင်ကျသွားတာကြောင့်  အမြန်ဖမ်းထိန်းထားလိုက်ရတော့သည်

လီလီမျက်လုံးဖွင့်ကြည့်လိုက်တော့ လီလီ့ခန္ဓာကိုယ်က ဂျင်းရင်ခွင်ထဲရောက်နေပြီး
လီလီတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ကြောင်ကြည့်နေမိကြသည်

C''ဟဲ့ နင်တို့နှစ်ယောက်ဘာဖြစ်နေတာလဲ အကြည်စိုက်နေတာလား

ချယ့်စကားကြောင့် နှစ်ယောက်စလုံးရဲ့မျက်နှာမှာ ရှက်သွေးဖြာသွားရလေသည်

Jen''ဘာကိုအကြည်စိုက်ရမာလဲ လီလီကမိန်းကလေးလေ

C''အော် အေးငါကမသိတာကျလို့ လီလီကမိန်းကလေးဆိုတာနင်သိဖို့ပဲလိုတယ်

Jen''တော် ပေါက်ကရတွေ မျက်နှာသွားသစ်ကြမယ်





သူငယ်ချင်းလေးယောက် သံယောဇဥ်တွေပိုမိုခိုင်မာလာကြရင်း ပျော်ပျော်ပါးပါးပညာသင်ကြားလာကြသည်မှာ နှစ်ဝက်တောင်ကျိုးခဲ့ပြီပေါ့ စိတ်ဆိုးစိတ်ကောက်တာတွေရှိကြပေမယ့် ရန်တော့တစ်ခါမှမဖြစ်ဖူးခဲ့

ဘယ်သူ့ကိုအခင်ဆုံးလဲမေးရင်လီလီ့အဖြေဟာ တုန့်ဆိုင်းခြင်းမရှိပါပဲဂျင်းလို့ပဲ ထွက်လာပါလိမ့်မည် အမြဲလီလီဘာလိုအပ်တယ်၊ ဘာဖြစ်ချင်တယ်ကိုထုတ်ပြောစရာမလို ဒီလောကမှာလီလီ့ကိုဂရုအစိုက်ဆုံးလူသားဟာ အခြားသူမဟုတ်ပဲ ဂျင်းသာဖြစ်ပါလိမ့်မည်

Bring back your love[COMPLETED]Where stories live. Discover now