Ep(14)❤

4.3K 300 51
                                    

C''တစ်ကယ်ကြီး ပြန်မယ်ပေါ့

Ji''အဲ့လယ် အခုတော့မနေနိုင်တော့ဘူးပေါ့လေ ငါတို့တောင် ပစ္စည်း တွေ မသိမ်းရသေးဘူး

ပစ္စည်းတွေသိမ်းနေသောဂျင်း နောက်ဘက်ကနေပြောနေသောနှစ်ယောက်ကို လှည့်ကြည့်လိုက်ကာ

Jen''ဘာတွေ ပြောနေကြတာလဲ ငါ့အကိုက မဂ်လာဆောင်တော့မလို့တဲ့ စေ့တောင်စေ့စပ်ပြီးသွားပြီ ငါကျောင်းပိတ်တဲ့ရက် ဆောင်ချင်လို့တဲ့ အာ့ကြောင့်ပြန်မာ

C''အော် ငါကမသိပါဘူး လီလီ့ဆီများသွားမလို့လားလို့

Jen''သွားမှာ မနက်ဖြန်ငါပြန်မယ် နင်တို့ရောဘယ်တော့ပြန်မှာလဲ

Ji''တူတူပြန်မှာပေါ့ဟဲ့ နင်လမ်းတွေမမှတ်မိမှာစိုးလို့

Jen''ဖြစ်ရတယ် ငါအိမ်မပြန်တာ နှစ်နှစ်ပဲရှိသေးတယ်

ဂျင်းအပြောကို နှာခေါင်းရှုံ့ကြသောနှစ်ယောက်လည်း ပစ္စည်းတွေသိမ်းကြတော့သည်

.
.

နောက်နေ့ကျတော့ လေယာဥ်နဲ့ အိမ်ပြန်လာခဲ့ကြပါသည်

အလာတုန်းကနှင့် ယခုအပြန်ခံစားချက်ဟာ တစ်ခြားစီပင် အလာတုန်းက ဂျင်းဒေါသပဲထွက်နေခဲ့တာ ခုတော့စိတ်တွေအရမ်းလှုပ်ရှားနေရသည်

လီလီ့ကိုမြင်ချင်လှပြီ

ဘာတွေများပြောင်းလဲသွားပါလိမ့် အရင်ကလိုချစ်စရာပုံလေးပဲလား ငါနင်နဲ့တွေ့ချင်လှပြီလီလီ ပြီးတော့အဲ့နေ့ကကိစ္စက ငါခွင့်လွှတ်ပေးနိုင်တဲ့ ကိစ္စဖြစ်ပါစေဆုတောင်းတယ် အဲ့တာမှ နင်နဲ့ငါနီးစပ်မှာမလား
ငါနင်နဲ့ထပ်မဝေးချင်ဘူး လီလီ..ငါထပ်ပြီးမခံစားချင်တော့ဘူး..

လေဆိပ်ရောက်တော့ ကိုကြီးကိုရှာမိပါသည်

ကိုကြီးက သူ့ဇနီးလောင်းနဲ့ လာကြိုမယ်တဲ့လေ သူ့ဇနီးလောင်းချောကြောင်း လှကြောင်းကိုတော့ အသေကြွားတာ အဲ့ကြောင့်ဂျင်းလည်းအမြင်ကတ်လှသည်မို့ ပုံပြမယ်ဆိုတာကိုပင် လက်မခံခဲ့

ချယ်နဲ့ဂျီဂျီကိုလည်း သူတို့မိဘတွေ အိမ်ကလာကြိုမယ်တဲ့ ဂျင်းရှာနေတုန်းမှာပဲ ချယ်နဲ့ဂျီဂျီကတော့ မိဘတွေကိုတွေ့လို့ အပြေးပင်သွားဖက်နေကြလေရဲ့


Bring back your love[COMPLETED]Where stories live. Discover now