Ep(18)❤

4.1K 268 44
                                    

လီလီ အိမ်ပြန်ရောက်တော့ စိတ်ထဲမှာ အဆင်မပြေလှ

မီနာကိုတွေ့ပြီးထဲက ခံစားချက်ကြီးက မကောင်းနေ

သို့ပေမယ့်လည်း စိတ်ရှုပ်စရာတွေတွေးနေရင်ပင်ပန်းရသည်မို့ အတွေးစတွေကိုအတင်းပင်ဖယ်ထုတ်လိုက်ရတော့သည်

ညနေကျ သမီးလေးကို သွားကြိုလိုက်ကာဂျင်းအလာကိုစောင့်နေလိုက်သည်

သို့ပေမယ့် ဒီနေ့တော့ဂျင်းလာမယ့်ပုံမရ

ချီတုံချတုံဖြစ်နေခဲ့ပြီးကာ နောက်ဆုံးတွင်တော့ လီလီလည်း ရင်ဖွင့်စရာလူမရှိတာကြောင့် ဂျင်းဖုန်းကိုပဲ ခေါ်လိုက်မိသည်

Jen''ဟယ်လို လီလီ ဒီနေ့ငါ အလုပ်တွေများနေလို့ မလာနိုင်ဘူးထင်တယ်

L''ဟုတ်လား

Jen''ဘာလို့လဲ လီလီ အသံကတစ်မျိုးပဲ တစ်ခုခုဖြစ်လို့လား

L''အင်း လီလီပြောစရာရှိလို့ အဆင်ပြေရင်လာခဲ့ပေးပါလား

Jen''အင်း ခဏနေလာခဲ့မယ်

အမှန်တော့ ဂျင်းမအားပါ ဒါပေမယ့်လီလီကဒီလိုမျိုး ခေါ်ခဲတယ်မလား

အသံကြည့်ရတာလည်း တစ်ခုခုဖြစ်နေတဲ့ပုံပဲ

ဒါကြောင့်မို့ ဂျင်းသွားရမှာပေါ့

ဂျင်းလီလီ့ဆီရောက်သည်တွင် ဆိုဖာပေါ် ထိုင်နေတာတွေ့တာမို့ ဘေးမှာဝင်ထိုင်လိုက်ပြီး

Jen''လီလီ ဘာဖြစ်လို့လဲ

L''သမီးလေး အပြင်မှာသွားဆော့နော် မေမေတီလေးနဲ့စကားပြောစရာရှိလို့

Ella''ဟုတ်

သမီးလေး အပြင်ထွက်သွားတော့မှ

L''ငါပြောပြမယ် ကိုကို့ဆေးရုံကို မီနာဆိုတဲ့တစ်ယောက်ရောက်နေတယ် နင်မှတ်မိတယ်မလား

မှတ်မိတာပေါ့ လီလီနဲ့ဂျင်းကို ပိုပြီးခင်တွယ်သွားစေခဲ့တာ မီနာကြောင့်မလား

Jen''အင်း အဲ့ဒါဘာဖြစ်လို့လဲ လီလီ

L''ငါ့စိတ်ထဲ တစ်မျိုးပဲ ငါသူ့ကိုတွေ့ပြီးထဲက စိတ်ပူနေမိတယ် သူအရင်လိုပဲ ဒုတ်ခ ပေးအုံးမှာလားမသိဘူး

Bring back your love[COMPLETED]Where stories live. Discover now