2

22.4K 2K 96
                                    

Zawgyi
::::::::::::

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____

K : boss တစ်ယောက်တည်းသွားလို့ မဖြစ်ပါဘူး
Jung kook : ရတယ် မင်းတို့နေခဲ့
K : မဖြစ်ပါဘူး boss ၊ jay group ကboss ကိုလုပ်ကြံဖို့ချောင်းနေတဲ့ သူတွေပါ အရမ်းကိုအန္တရာယ်များပါတယ် အခုတလောလည်း သူတို့ တစ်ခုခုကြိတ် စီစဉ်နေတာမို့ ငြိမ်နေတာဖြစ်မှာပါ
Jung kook : hak သူတို့ရဲ့ ဆက်ခံသူက ငါ့လက်ထဲမှာပဲဟာ မလှုပ်ရဲလောက်ပါဘူး အဲ့ကောင်ကိုရော သေချာ ထိန်းသိမ်းထားလား
K : ဟုတ်ကဲ့ ထွက်မပြေးနိုင်အောင် သေချာဖမ်းထားပါတယ်

Jung kook : အဲ့တာဆို ငါသွားမယ်

ကျနော်လည်း jay group နဲ့ချိန်းထားတဲ့ဆီ ထွက်လာလိုက်တယ် သူတို့ရဲ့ ဆက်ခံသူကိုဖမ်းထားတာမို့ ကျနော့်ကို ဘာမှလုပ်ကြံရဲသေးမှာ မဟုတ်တာကြောင့် စိတ်ချလက်ချသာ တစ်ယောက်တည်းထွက်လာခဲ့ခြင်းပင်

Jay : ထိုင်ပါ Jeon Jung kook
Jung kook : လိုရင်းကိစ္စပြော
Jay : ကျွန်တော့် သားကို ပြန်လွှတ်ပေးပါ လိုချင်တာ အကုန်ပေးပါမယ်
Jung kook : hak စကားပြောသိမ်မွေ့ နေပါလား မရိုင်းစိုင်းတော့ဘူးပဲ ခင်ဗျားသားကိုက အင်း လွှတ်ပေးဖို့ အစီစဉ်တော့ မရှိသေးဘူးရယ် hahaha
Jay : လိုချင်တာ အကုန်ပေးမှာပါ
Jung kook : jay group ဆီက လိုချင်တာ ဘာမှမရှိဘူး ဖမ်းထားတယ်ဆိုတာကလည်း ကျုပ်ကို အသားလွတ် လာထိလို့ ပညာပေးတဲ့သဘောပါ မပူပါနဲ့ စိတ်ကောင်းဝင်တဲ့အချိန်တော့ လွှတ်ပေးမှာပါ ဘယ်တော့မှန်းတော့မသိပေမယ့်

Jay : ကျေးဇူးပြုပီး ကျွန်တော် တောင်းပန်ပါတယ် neon Jung kook shi ကို လုပ်ကြံမိတာမှားပါတယ် မနာလိုလို့ လုပ်ခဲ့မိတာပါ ဒီလိုမျိုး ဒူးထောက်ပီး တောင်းပန်ပါ့မယ်
Jung kook : hak ok တော်ပီ သွားတော့မယ် အမှန်တော့ ကျုပ်အရမ်းပျင်းနေလို့ စိတ်ဝင်စားစရာကောင်းတာလေးတွေ ကြည့်ချင်လို့လာခဲ့တာ အခုတော့ တွေ့ ပီးသွားပီမို့ ပြန်တော့မယ် နောက်တစ်ခေါက် လာရင်လည်း အခုလိုပုံစံ ထပ်ပြပေးရင် ကောင်းမယ် haha

𝐑𝐞𝐝 𝐋𝐨𝐯𝐞 (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now