28

16K 1.2K 144
                                    

Zawgyi
:::::::::::::

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____

ဒီနေ့အချစ်စိတ်တိုင်းကျ အပြင်ထွက် date ကြသည် ၊ date နေစဉ်တစ်လျှောက်လုံးပျော်နေတဲ့ အချစ်က အခုလိုကျတော့လဲ ရိုးရိုးလူတစ်ယောက်လိုပါပဲ vampire ဆိုတာ ဘယ်သူမှထင်မှာ မဟုတ်ဘူး ၊ အခုညဘက် ဟန်မြစ်ဘေးမှာ ထိုင်ပီး မီးပန်းလွှတ်တာကို မြက်ခင်းပြင်ပေါ်ထိုင်ကြည့်နေကြခြင်းပင်

Jung kook : ဘယ်သွားချင်သေးလဲ အချစ်
Taehyung : ဒီနေ့တော့ ဒီလောက်ပဲ
Jung kook : ပျော်လားအချစ်
Taehyung : အင်း မင်းနဲ့အတူမို့ အရမ်းပျော်တယ်
Jung kook : ကျုပ်ရောပဲ အချစ်နဲ့အတူရှိနေလို့ ပျော်တယ်

Taehyung : အွန်း
Jung kook : အချစ်က ဘာလို့ သူများတွေလို ကတိတွေမတောင်းရတာလဲဟင်
Taehyung : ဘာကတိလဲ
Jung kook : တစ်သက်လုံးချစ်မှာလားတို့ သစ္စာမဖောက်နဲ့တို့ အဲ့လိုမျိုး

Taehyung : မင်းကိုယုံလို့လေ ကတိတွေတောင်းစရာမလိုလောက်အောင်ကို မင်းကိုယုံကြည်တယ် jeon ~ မင်းငါ့ကိုဘယ်လောက်ချစ်လဲ ငါအသိဆုံးမို့
Jung kook : ဟား ချစ်လိုက်တာကွာ အချစ်ရာ
Taehyung : အာ့ဆို မင်းကရော ဘာလို့ငါ့ကို ကတိတွေမတောင်းရတာလဲ

Jung kook : ကျုပ်က ကတိတွေမလိုလို့ ၊ ခင်ဗျားကတစ်သက်လုံးကျုပ်ဘေးမှာ ရှိနေမယ်ဆိုတာ ယုံလို့ ၊ ကျုပ်တို့အခက်အခဲတွေအများကြီး ရင်ဆိုင်ရတာတောင် အခုဒီလိုချစ်နေနိုင်ပီလေ ၊ နောက်ဘယ်လိုအခက်အခဲတွေကြုံရမလဲမသိပေမယ့် အခုလက်ရှိမှာ အချစ်ကိုချစ်နေရလို့ ကျုပ်ကျေနပ်တယ် ၊ ကျုပ်အတွက်က အဲ့လိုကတိတွေထက် အချစ်ကသာလျှင် အရေးကြီးဆုံးမို့ အချစ်ဘာလုပ်လုပ် ကျုပ်ခွင့်လွှတ်တယ် ကျုပ်နားကနေထပ်ပီး ထွက်သွားအုံးမယ်ဆိုလည်း ရတယ် ဘယ်လိုဖြစ်ဖြစ် နောက်ဆုံးမှာ အခုလိုပဲ ကျုပ်ဘေးနားပြန်ရောက်လာမယ်ဆိုတာ ယုံတယ် ၊ ဘာလို့ဆို ကျုပ်တို့က ချစ်ကိုချစ်ရမယ့် ကံကြမ္ပာလို့ ထင်တာမို့ ....

Taehyung : ငါ့အသည်းကို ဒီလောက်ပဲခြွေပါတော့ jeon ရာ ငါ့နှလုံးသားက မင်းအတွက်ပါပဲ ချစ်လိုက်တာ jeon ရယ်
Jung kook : ကျုပ်လည်း အချစ်ကို အရမ်းချစ်တယ် ပြွတ် ပြွတ် ~
Taehyung : ငါတို့ပြန်ကြမလား jeon
Jung kook : အင်း ပြန်ကြမယ် ကျုပ်တွင်းအောင်းချင်နေပီ

𝐑𝐞𝐝 𝐋𝐨𝐯𝐞 (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now