3

18.7K 1.8K 102
                                    

Zawgyi
::::::::::::

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____

အခု ကျွန်တော် ၀ယ်စရာရှိတာတွေ ၀ယ်ဖို့ အပြင်ထွက်လာခြင်းဖြစ်သည် ၊၊ jeon jungkook ဆိုတဲ့လူလည်း ရှိနေသည်မို့ စားဖို့သောက်ဖို့ အခုဆို နှစ်ယောက်စာ ၀ယ်နေရသည်လေ ၊ ပီးတော့ ဆေးဆိုင်ကို ၀င်ပီး သူပြောတဲ့ အိပ်ဆေးရှာဝယ်လိုက်ပီး အိမ်သို့ပြန်လာခဲ့လိုက်သည် ၊

ကိုယ့်ကိုယ်ကိုလည်း နားမလည်နိုင်တော့ ထိုလူပြောတာတွေကို လိုက်လုပ်ပေးနေမိပီး ဒေါသလည်းမထွက် ၊ အဲ့ jeon jungkook ဆိုတဲ့လူကလည်း ကျနော့်ကို လုံးဝကိုမကြောက် တစ်ခါတစ်လေ ရိသဲ့သဲ့ပြောသေးတာ အရင်ကဆို ကျနော့်ကိုအဲ့လိုပြောတဲ့သူတွေကိုဆို သနားညှာတာမှုမရှိ သတ်ပစ်သည့်ကျနော်က အခုတော့ သူ့ကို ဘာမှမလုပ်နိုင်ပေ

ကျစ် အမှန်ဆို သတ်ပစ်လိုက်ရင်ရနေတာပဲကို ဘာလို့လဲ ကိုယ့်ကိုယ်ကို နားမလည်နိုင် စာချုပ်ကြောင့်လား ၊ ကျနော့်ကို ကယ်ခဲ့တာကြောင့်လား ၊ အဲ့တာတွေကြောင့်လည်း မဖြစ်နိုင် တကယ်ကို ရူးတော့မယ် ...

Taehyung : ရော့ အဲ့မှာ မင်းပြောတဲ့ ဆေး
Jung kook : ဟား အခုမှပဲ အိပ်ပျော်နိုင်တော့မယ် ကျေးဇူးပဲ ခင်ဗျားရေ
Taehyung : " .... "
Jung kook : ဒါနဲ့လေ ကျုပ် 3 ရက်လုံး အ၀တ်မလဲရသေးဘူး ရေလည်း မချိုးရသေးဘူး အဲ့တာ ခင်ဗျား မ၀တ်တဲ့ အကျီတွေရှိရင် ပေးပါလား

Taehyung : ငါ့အ၀တ်တွေ မပေးနိုင်ပါဘူး
Jung kook : ကျုပ်အ၀တ်တွေက နံနေပီ ခင်ဗျားရဲ့
Taehyung : မသိဘူး ငါနဲ့မဆိုင်ဘူး

Jung kook : အဲ့ဒါဆိုလည်း ကျုပ်ကတော့ ဒီအကျီတွေ ဆက်မ၀တ်ထားနိုင်တော့ဘူး အရမ်းညစ်ပတ်နေပီ ဘယ်တတ်နိုင်မလဲ ခင်ဗျားက မပေးမှတော့ ကိုယ်တုံးလုံးချွတ် နေယုံပေါ့ ခင်ဗျားကြည့်ရဲတယ် မလား ယောက်ျားလေးချင်းပဲ

Taehyung : မင်း မင်းအရှက်မရှိဘူးလား
Jung kook : နဂိုတည်းကမရှိဘူး အခုတော့ ခင်ဗျားရှေ့မှာဆို ပိုတောင်မရှိချင်တော့ဘူး
Taehyung : ဘာစကားပြောတာလဲ တောက် ...

𝐑𝐞𝐝 𝐋𝐨𝐯𝐞 (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now