1♡

18.6K 1.5K 82
                                    

Zawgyi
:::::::::::::

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____

ကျနော်နိုးလာတော့ ခါတိုင်းနဲ့မတူပဲ အရင်ထက် ပိုနွေးထွေးနေတာကို ခံစားလိုက်ရပီး ခေါင်းထဲဝင်လာသည်က မနေ့ညကအကြောင်းအရာတွေ ၊ နောက်မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘေးတွင် ကျနော့်ကိုဖတ်ထားကာအိပ်ပျော်နေသော သူ့ကိုတွေ့ လိုက်ရတော့ ကျနော့်မနက်ခင်းက အရမ်းကိုပြည့်စုံသွားသလိုပင် ၊ မွေးကတည်းက နူးညံ့နွေးထွေးမှုဆိုတာ ဘာမှန်းမသိပဲ ကြမ်းတမ်းစွာ ကြီးပြင်းလာခဲ့တဲ့ကျနော် အခုတော့ ခင်ဗျားကြောင့် နွေးထွေးတဲ့အချစ်ကို ခံစားဖူးပီ ၊ သူ့မျက်နှာပေါ်ကျနေတဲ့ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်ကာ နဖူးလေးကို ဖိကပ်နမ်းမိသည် ၊

ကျနော့်လက်တွေကတော့ အတော်ပင်ကျင်ပီးနာနေသည် တစ်ညလုံး သူခေါင်းအုံးအိပ်နေတာမို့ အဲ့လက်တစ်ဖက်က တော်တော်ကို တောင့်တင်းပီးနာနေပီ သို့သော်လည်း မဖယ်ရက် သူနိုးသွားမည်စိုး၍ ၊ ဘေးကနာရီကို ကြည့်လိုက်တော့ ဟင် 12 နာရီတောင် ရှိပီ မနက်မဟုတ်တော့ဘူးပဲ ...

Taehyung : အွန်း ...
Jung kook : ခင်ဗျားနိုးသွားတာလား
Taehyung : အင်း မင်းဘယ်တုန်းတည်းက နိုးနေတာလဲ
Jung kook : အခုလေးတင်ပဲ
Taehyung : ငါအိပ်ချင်သေးတယ်
Jung kook : မအိပ်နဲ့တော့လေ အခု 12 နာရီတောင်ကျော်နေပီ တစ်ခုခုစားပီးမှ ထပ်အိပ်တော့နော်
Taehyung : ခနလေးပဲ ဒီလိုလေးမှိန်းချင်လို့

Jung kook : ဟုတ်ပါပီ အာ့ဆို ကျုပ် ခင်ဗျားစားဖို့ တစ်ခုခုသွားပြင်ထားလိုက်မယ်
Taehyung : ဘယ်ကိုထမလို့လဲ မသွားနဲ့ ဒီလိုပဲနေ ပီးမှ ခေါက်ဆွဲပြုတ်စားကြမယ်
Jung kook : အင်း အာ့ဆိုလဲ

ကျနော့်လက်မောင်းကိုဆွဲယူကာ တစ်ဖန်ခေါင်းအုံးလိုက်ပြန်တော့ ရုတ်တရက်နာသွားလို့ ညည်းမိလိုက်သည် ၊

Jung kook : အ့
Taehyung : ဘာလို့လဲ လက်နာလို့လား အာ ဟုတ်သားပဲငါတစ်ညလုံးမင်းလက်မောင်းပေါ်မှာ အိပ်နေခဲ့တာပဲ
Jung kook : ရပါတယ် ခင်ဗျားရဲ့ အိပ်ပါ
Taehyung : ဒီဘက်တိုး
Jung kook : ဟင်ဘာလုပ်မလို့လဲ
Taehyung : တိုးဆိုတိုး ငါအဲ့ဘက်လာမယ် နေရာလဲမယ်

𝐑𝐞𝐝 𝐋𝐨𝐯𝐞 (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now