7

17K 1.6K 189
                                    

Zawgyi
::::::::::::

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____

Taehyung : ၀ှါး ဟမ် မင်း !!! ဘာလုပ်နေတာလဲ !!!

နိုးနိုးချင်းမှာပင် ကျနော်အိပ်နေတဲ့ဘေးမှာ မွေ့ ယာပေါ်မှာ လာထိုင်နေပီး ကျနော့်ကို လာစိုက်ကြည့်နေတဲ့ jeon jungkook ကိုတွေ့ လိုက်ရသည် ...

Jung kook : တွေ့ ချင်လို့
Taehyung : ဘာ !! တစ်ချိန်လုံးတွေ့ နေရတဲ့ဟာကို ဘာတွေ အရူးထနေတာလဲ
Jung kook : အိမ်မက်ထဲမှာ ခင်ဗျားနဲ့ လမ်းခွဲရတယ်ဆိုပီး မက်လို့ စိတ်ပူပီး လာကြည့်တာ
Taehyung : ခုကြည့်ပီးပီမလား သွားတော့
Jung kook : ကျုပ်လည်း ဒီမှာ နေလို့မရဘူးလားဟင်
Taehyung : jeon jungkook !!

Jung kook : ကျုပ်အခန်းက ဖုန်တေလည်းရှိပီး ကုတင်ကလည်းသေးတယ် ၊ မွေ့ ယာကလည်း မကောင်းဘူး ၊ ပီးတော့ အနံအသက်လည်းမကောင်းဘူး ကျဉ်းလည်း ကျဉ်းတယ် အဲ့တာကြောင့်
Taehyung : မကြိုက်ရင် ထွက်သွားလေ မင်းကိုဘယ်သူက အတင်းနေခိုင်းနေလို့လဲ
Jung kook : ခင်ဗျားကလည်း ကူညီကောင်းပါတယ် နော် ခင်ဗျားအခန်းထဲမှာ လာနေမယ်လေ

Taehyung : ငါကစိတ်ပုတ်တယ် မကူညီနိုင်ဘူး
Jung kook : အခုဆိုဆောင်းတွင်းဝင်နေပီဆိုတော့ ပိုအေးလာပီလေ ကျုပ်အခန်းထဲက အပူပေးစက်က သိပ်မနွေးသလိုပဲ
Taehyung : နဲနဲနွေးလည်း နေလို့ရနေတာပဲ သေတော့မသေနိုင်ပါဘူး
Jung kook : ခင်ဗျားအခန်းက အရမ်းလည်း ကျယ်တယ် ခုတင်ကလည်း အကြီးကြီး မွေ့ ယာကလည်း အကောင်းစား အပူလည်းကောင်းကောင်းရတယ် ပီးတော့ ၀ရံတာလည်း ရှိတော့ ညဘက်ဆို အေးဆေးကြယ်တွေကြည့်လို့ရတယ် ၊ ကူညီလိုက်ပါ ခင်ဗျားရယ် ...

Taehyung : မကူညီနိုင်ဘူး လုံးဝပဲ သွားတော့ သွား ငါမျက်နှာသစ်ရအုံးမယ် မနက်စာအသင့်ပြင်ပေးထား
Jung kook : ဟင်း အင်းပါ ...
...........

Jung kook : ခင်ဗျားရေ တခြားအခန်းတွေ အကုန်လုံးက အပူပေးစက်မရှိဘူးပဲ ကျုပ်အခန်းနဲ့ ခင်ဗျားအခန်းပဲရှိတာလား
Taehyung : အင်း
Jung kook : ဒါနဲ့ vampire တွေက အရမ်းအေးမှ အိပ်လို့ရတာ မဟုတ်လား ခင်ဗျားက ဘာလို့ အပူပေးစက်တပ်ထားတာလဲ
Taehyung : ငါကသာမန်လူတွေလိုပဲ အအေးဒဏ်သိပ်မခံနိုင်ဘူး ငါကရိုးရိုး vampire တွေလို မဟုတ်ဘူး နည်းနည်းကွဲပြားတယ်

𝐑𝐞𝐝 𝐋𝐨𝐯𝐞 (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now