17

13.6K 1.3K 202
                                    

Zawgyi
:::::::::::::

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____

ရုတ်တရက်ကြီး ကျနော့်ကိုနမ်းပီး သူ့အခန်းထဲပြေးဝင်သွားလေရဲ့ ကျနော်ကတော့ အခန့်ရှေ့မှာ တောင့်တောင့်ကြီး ရင်တွေခုန်ကာကျန်ခဲ့သည် ၊ အမြန်ပင်အခန်းထဲဝင်ကာ အိပ်ယာပေါ်တွင်လှဲကာ စဉ်းစားနေမိသည် သူဘာလို့အဲ့လိုလုပ်သွားတာလဲ ၊ ပီးတော့ ကျနော့်ရင်ဘက်ထဲက အခုန်မြန်နေတဲ့ နှလုံးသားကရော ဘာလို့လဲ မဟုတ်မှ သူ့ကိုကျနော် .. အခုမှတွေ့တာ တစ်ရက်ပဲရှိသေးတဲ့သူကိုလေ ဘာလို့မှန်းမသိ သူနဲ့နမ်းဖူးတာ အခုကပထမဆုံးမဟုတ်သလိုပင် ၊ အထိတွေ့တွေက ရင်းနှီးနေသလို .. ဒါပေမယ့် ရင်ခုန်တာနဲ့အတူ နှလုံးသားကတပြိုင်နက်နာကျင်လာပြန်သည် ၊ သူ့ကိုကျနော်ကြိုက်နေတာလား ၊ ပီးတော့ နှလုံးသားက " မင်းသူ့ကိုမချစ်နဲ့ နာကျင်ရလိမ့်မယ် " လို့ပြောနေသလိုပင်
ဘာတွေလဲကွာ ငါဘာတွေဖြစ်နေတာလဲ ...

Jung kook : အင်း ၀ှါး .. ဟင် ဘာလဲ မနက်တောင်ရောက်နေပီလား

ကျနော်ညကစဉ်းစားရင်းပင် အိပ်ပျော်သွားခဲ့သည်ပဲ ထူးဆန်းလိုက်တာ အိပ်ဆေးမလိုပဲ အိပ်ပျော်သွားတာ ဘယ်လိုဖြစ်တာလဲ ၊ ညကထိုသူပြောသွားတဲ့စကား " မင်းကောင်းကောင်းအိပ်ပျော်အောင်လို့ " တဲ့ ... သူပြောတဲ့အတိုင်း တကယ်ပင် အိပ်ဆေးမလိုပဲကောင်းကောင်းကြီးကို အိပ်ပျော်သွားခဲ့တာ ၊
_______________

တင်းတောင် ~ တင်းတောင် ~

Taehyung : ဟင် Jeon မင်းငါ့ဆီလာတယ် လာ ၀င်
Jung kook : မ၀င်ဘူး မေးစရာရှိလို့လာတာ မနေ့ညက..
Taehyung : အာ အဲ့ဒါကလေ ငါမူးနေလို့ပါ ငါကမူးရင် အဲ့လိုပဲဘေးနားကလူကိုနမ်းတက်တယ် အဲ့ အဲ့ဒါကြောင့်
Jung kook : ဘာလို့ ကျုပ်ကောင်းကောင်းအိပ်ပျော်အောင်လို့ လို့ပြောခဲ့တာလဲ
Taehyung : အဲ့ အဲ့ဒါက ငါမူးပီးလျှောက်ပြောခဲ့တာနေမှာ ဟီး ...

Jung kook : သေချာလား
Taehyung : အင်း
Jung kook : ခင်ဗျားက အဲ့ဒါဆို မူးတိုင်းတွေ့ရာလူကိုအဲ့လိုပဲ လိုက်နမ်းနေတာလား
Taehyung : မဟုတ်ပါဘူး ငါက အရက်ကိုအဲ့ဒါကြောင့်သောက်ရင် တစ်ယောက်တည်းပဲသောက်တာ အပြင်မှာမသောက်ဘူး မနေ့ညက မင်းကိုစိတ်ထဲစွဲသွားလို့ ဖြစ်မယ် ဟီး အမှန်တော့ ငါအိမ်ထဲမှာ တစ်ယောက်တည်းသောက်နေတာပါ

𝐑𝐞𝐝 𝐋𝐨𝐯𝐞 (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now