15

14.2K 1.4K 186
                                    

Zawgyi
:::::::::::::

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____

ကျနော်အမြန်ပင် တောင်အောက်ဆင်းသွားလိုက်ပီး ပျက်စီး ကျိုးပဲ့နေသော ကားထဲမှ jeon ကိုဆွဲထုတ်ကာ အတင်းလှုပ်နှိုးနေမိသည် သွေးအိုင်ထဲမှ jeon ကိုကြည့်ကာ ကျနော့်ရင်တွေလည်း ကွဲကြေနေပါပီ နောက်တော့ သူ့နှလုံးခုံသံကိုစမ်းကြည့်လိုက်တော့ နှလုံးခုန်နေသေးသည်မို့ ကျနော်အမြန်ပင် jeon ကိုချီလျက် ဆေးရုံသို့ အမြန်ပြေးတော့သည် ၊

Taehyung : ကယ်ပေးပါ သူ့ကိုအမြန်ကယ်ပေးပါ
Nurse : ဟာ ဒီကိုလာ ဒီမှာချလိုက်
Doc : နှလုံးခုန်ရပ်တော့မယ် အမြန်စက်ယူလာခဲ့ အမြင့်ဆုံးတင်ထား

Doc ရောက်လာပီး သူ့ကိုနှလုံးခုန်စက်ဖြင့် အသက်ရှင်အောင်လုပ်နေသည်

Doc : နှလုံးပြန်ခုန်လာပါပီ ခင်ဗျားက လူနာရှင်လား
Taehyung : ဟုတ်ပါတယ် သူအသက်ရှင်ပီလားဟင်
Doc : လောလောဆယ်စိတ်ချရပေမယ့် အရေးပေါ်ခွဲစိတ်ရပါမယ် ဦးခေါင်းကိုထိသွားပီး သွေးထွက်လွန်နေပါတယ်
Taehyung : မြန်မြန် ခွဲပေးပါ အမြန်ဆုံးလုပ်ပေးပါ ဆရာ
Doc : ဟုတ်ကဲ့

ခွဲစိတ်ခန်းထဲဝင်သွားသည်မှာ အတော်ကြာနေပီ ကျနော့်တစ်ကိုယ်လုံးလည်း သွေးတွေရွှဲလို့ ခွဲခန်းရှေ့တွင် jeon ပြန်ကောင်းလာရန်သာ ဆုတောင်းနေမိသည် ၊ ရူးမိုက်လိုက်တာ jeon ရာ ဘာလို့ ကိုယ့်ကိုယ်ကို အဲ့လိုလုပ်ရတာလဲ
နောက်အချိန်တော်တော်ကြာတော့မှ ဆရာဝန်ကထွက်လာသည်

Taehyung : ဆရာ သူ သူအခြေအနေဘယ်လိုလဲဟင်
Doc : အသက်အန္တရာယ်တော့ မရှိတော့ပါဘူး ဒါပေမဲ့ အခြေအနေကတော့ စောင့်ကြည့်ရအုံးပါမယ် သတိပြန်လည်လာဖို့ကို ၊ ခေါင်းကိုထိသွားတာဆိုတော့
Taehyung : ကျေးဇူးတင်ပါတယ် တကယ်ကို ကျေးဇူးတင်ပါတယ်

ကျနော် လူနာခန်းထဲက ဆေးပိုက်ပေါင်းစုံတပ်ထားတဲ့သူ့ကို ကြည့်ကာ ရင်နာစွာ ငိုကြွေးနေမိတယ် ၊

𝐑𝐞𝐝 𝐋𝐨𝐯𝐞 (ᴄᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now