Part 13

332 47 9
                                    

Jm : လိုက်ပို့ပေးလို့ကျေးဇူးဘဲ

Yg : ရတယ်

ခပ်တည်တည်နဲ့လှည့်ထွက်သွားသော ကျောပြင်။
ထိုလူသားရဲ့ ပုံရိပ်ပျောက်သွားသည်အထိ
သူအိမ်ရှေ့ကနေ ရပ်ကြည့်နေမိသည်။
ကောင်းကောင်းသွား လို့တောင်မပြောလိုက်ရဘူး။

J : jimin အိမ်ထဲဝင်လေ ဘာရပ်နေတာလဲ
ဒီလောက်အေးနေတာကို အအေးပတ်မယ် အိမ်ထဲဝင်

Appa အသံကြောင့်နောက်လှည့်ကြည့်လိုက်တော့
အပေါက်ဝကနေ ခါးကြီးထောက်ပြီး ဆူနေလေရဲ့။

Jm : Nae..

အိမ်ထဲရောက်တော့ ထမင်းဝိုင်းကအဆင်သင့်။
Appa ကတော့ သူ့ကိုစောင့်နေပြန်ပြီထင်တယ်။

Jm : Appa သားကို မစောင့်ပါနဲ့ဆို Appa
ဆာရင်စားထားနှင့်လေ  တစ်ခါတစ်လေ သားက
နောက်ကျတဲ့အခါ Appa ဆာနေမှာပေါ့

J : Appa မှာဒီသားလေးတစ်ယောက်ရှိတာ
သားနဲ့အတူတူစားချင်လို့ပေါ့

ပြောနေရင်း ခေါင်းလေးကိုလာပုတ်သော Appa ။
သူ့ဘဝမှာ Omma မရှိဘဲကြီးပြင်းခဲ့ရပေမဲ့
Appa ကသူ့ကို လိုလေစိတ်မရှိအောင်ထားသည်။
ငယ်ငယ်တုန်းက အမေမရှိတဲ့ သားဆိုပြီး ပြောခံရပေမဲ့ Appa က အဖေလိုရော အမေလိုရော
စောင့်ရှောက်ပေးသည်။

Jm : Appa ဗိုက်စာနေပြီမလား စားမယ်လေ

Appa လက်ရာ ဟင်းတွေနဲ့ Appa ရဲ့
ဟာသတွေနဲ့ စိုပြေပြီး နွေးထွေးလွန်းသော
သူတို့ သားဖ နှစ်ယောင်ရဲ့ ထမင်းဝိုင်းလေးပင်။

_______________

ပိစိလေးကို ပြန်ပို့ပြီး တစ်ယောက်ထဲ အေးအေး
ဆေးဆေး လမ်းလျှောက်ပြန်လာခဲ့သည်။
ရုတ်တရက် ကြားလိုက်ရသော တစ်ခု
ထက်ပိုသော ခြေသံ။

Yg : hk! မမှတ်သေးဘူးထင်တယ်

ပုခုံးပေါ် ရောက်လာသော လက်တစ်စုံ
ကြောင့် ထိုလက်ကို လိမ်ချိုးလိုက်သည်။
လိမ်ခံရသော လူရဲ့အော်သံကြား ညနက်အသံနှင့်
လမ်းပေါ်တွင် ပဲ့တင်ထပ်လျက်။

အားးးးး!!!!

Yg :ဘာဖြစ်ချင်တာလဲ

Bad Boy's TeacherWhere stories live. Discover now